Sunday, May 12, 2019

ပြင်သစ်ကျောင်းတွင် သိုးများကို ကျောင်းသားများအဖြစ် စာရင်းသွင်းအပ်နှံ

အတန်းတစ်ခု ပိတ်သိမ်း မည့် အစီအစဉ်ကို အာဏာပိုင် များက ကြေညာခဲ့ပြီးနောက် လယ်သမားကြီး တစ်ဦးသည် ကျောင်းသား၊ ကျောင်းသူဦးရေ တိုးလာစေရန် ပြင်သစ်မူလတန်း ကျောင်းတစ်ခု၌ သိုး ၁၅ ကောင် ကို ကျောင်းအပ်နှံခဲ့သည်။ အဲ့လ်ပ်စ်တောင်တန်း ဂရီနို ဘယ်လ်မြို့နယ်ရှိ ကျေးရွာတစ် ရွာမှ Jules Ferry စာသင်ကျောင်း တွင် ကျောင်းသား၊ ကျောင်းသူ ၂၆၆ ဦးမှ ၂၆၁ ဦးသို့ ကျဆင်းခဲ့ သည်။ သို့သော် သိုးကျောင်းသား မိုက်ကယ်ဂျီယာ့ဒ်သည် ၎င်း၏ သိုးအချို့ကို ကျောင်းအပ်နှံရန် ဆုံးဖြတ်ခဲ့သည်။



ဂျီယာ့ဒ်သည် ဆရာ၊ဆရာမ များ၊ ကျောင်းသား၊ ကျောင်းသူ များနှင့် တာဝန်ရှိသူများ တက် ရောက်သော အထူးအခမ်းအနား ပွဲတစ်ခုအတွက် ၎င်း၏ သိုးအ ကောင်ရေ ၅၀ နှင့်အတူ ယင်းစာ သင်ကျောင်းဝိုင်း အပြင်ဘက်သို့ ရောက်လာသည်။  အခမ်းအနားတွင် ဂရီနို ဘယ်လ်မြို့တော်ဝန် ဂျိမ်းလူးဝစ္စ မာရတ်ထံ သိုးများ၏ မွေးစာရင်း လက်မှတ်များ အပ်နှံခဲ့သည်။

‘‘အခုတော့ ကျွန်တော်တို့မှာ ဘာပိတ်သိမ်းမှုမျိုးမှ မရှိသင့်ပါ ဘူး’’ဟု ကျောင်းသားမိဘတစ်ဦး က ပြောကြားပြီး ပညာရေးစနစ် သည် မြေပြင်အခြေအနေနှင့် မ သက်ဆိုင်ဘဲ အရေအတွက်နှင့် သာ သက်ဆိုင်နေသည်ဟု ပြော သည်။  ယင်းအခမ်းအနားတွင်ကလေးငယ်များက ‘‘ငါတို့သည် သိုးများမဟုတ်’’ဟု ရေးထိုးထား သော ဆိုင်းဘုတ်များ ကိုင်ဆောင် ခဲ့သည်။

No comments:

Post a Comment