Saturday, May 18, 2019

ဗိုလ်ချုပ်ရုပ်တု ကန့်ကွက်သူခြောက်ဦးကို ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု ဥပဒေအရ အမှုဖွင့်

ကယားပြည်နယ်အစိုးရက ဗိုလ်ချုပ်ရုပ်တု ကန့်ကွက် ကြောင်း လှုပ်ရှားမှုများတွင် ပါဝင်သော ကိုဒီးဒီ အပါအ၀င် ဦးဆောင်လူငယ်ခြောက်ဦးကို ပုဂ္ဂိုလ်ဆိုင် ရာ လွတ်လပ်မှု ဥပဒေ ပုဒ်မ ၁၀ ဖြင့် လွိုင်ကော်မြို့မရဲစခန်း၌ အမှု ဖွင့်ထားသည်။ သို့သော် ယင်းလူငယ်ခေါင်း ဆောင်ခြောက်ဦးကို မေလ ၁၇ရက် ညနေ ၅ နာရီခန့်အထိ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ် လပ်မှု၊ လုံခြုံမှုကိုကာကွယ်ပေး ရေးဥပဒေအရ ဖမ်းဆီးအရေးယူ ခြင်းမရှိသေးကြောင်း လွိုင်ကော် မြို့မရဲစခန်း တာဝန်ကျ ရဲအရာရှိ တစ်ဦးက အတည်ပြုပြောသည်။

‘‘သူတို့ကို ဘာမှမလုပ်ရသေးဘူး။ ဖမ်းဆီးထားတာ မရှိ သေးဘူး။ ဖမ်းဆီးဖို့က ကျွန်တော် တို့ အစီအစဉ်နဲ့ လုပ်လို့မရဘူး။ အပေါ်က ဘာမှ ညွှန်ကြားမှုမရှိသေးပါဘူး’’ဟု ၎င်းက ရှင်းပြ သည်။

မတ်လ ၂၅ ရက်က အဆိုပါလူငယ်ခြောက်ဦး လက်မှတ်ထိုးရေးထုတ်ပြန်သော ကြေညာချက်တွင် ကယားပြည်နယ်ဝန်ကြီးချုပ် နှင့် ပြည်နယ်စီမံဘဏ္ဍာဝန်ကြီးတို့  သည် အာဏာလုပ်ပိုင်ခွင့်၊ ငွေကြေးအင်အားအသုံးပြု၍ ဌာနေတိုင်းရင်းသားများနှင့် အခြားတိုင်း ရင်းသားများ၊ အသင်းအဖွဲ့များ၊ လူပုဂ္ဂိုလ်များကို သွေးခွဲစည်းရုံးသွေးဆောင်ခဲ့ကြောင်း ရေးသား ဖော်ပြထားသည်ဟု ရဲတပ်ဖွဲ့၏ အမှုဖြစ်စဉ်အကျဉ်းတွင် ရေးသား ထားသည်။

 ထို့အတူ ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီကို ထိုး ကျွေး၍ အတင်းအဓမ္မခိုးကြောင်  ခိုးဝှက် ဗိုလ်ချုပ်ကြေးရုပ်ကို တည်ဆောက်ခဲ့ကြောင်း၊ ဝန်ကြီး ချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် ဝန်ကြီးဦးမော်မော်တို့ကို နိုင်ငံရေး ရာဇ ၀တ်ကောင်များ၊ ကရင်နီ အမျိုးသားသစ္စာဖောက်များ၊ တိုင်းရင်းသား သွေးစည်းချစ်ကြည်ရေး၏ ရန်သူများ၊ ကျေးဇူးကန်းသူများ ဖြစ်ကြောင်း အဆိုပါ ကြေညာ ချက်တွင် ရေးသားထားသည်ဟု ဖော်ပြထားသည်။

ထို့အပြင် အထက်ပါ စာသားများပါဝင်သည့် အဆိုပါ ကြေညာချက်စာတမ်းသည် ပြည်နယ် အစိုးရအဖွဲ့ရုံးသို့ ပစ်စာအဖြစ် ရောက်ရှိလာသည်ဟု ရဲတပ်ဖွဲ့၏ အမှုဖြစ်စဉ်အကျဉ်းတွင် ရေးသားဖော်ပြထားသည်။

ထို့ကြောင့် ကိုဒီးဒီပါ လူငယ် ခြောက်ဦးသည် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်ခွင့်အား ထိခိုက်အောင် လက်မှတ်ထိုးကြေညာသူများဖြစ်၍ ပြည်နယ်အစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးညီညီမင်း ၏ ညွှန်ကြားချက်အရ အစိုးရ အဖွဲ့ကိုယ်စား လက်ထောက်ညွှန် ကြားရေးမှူး ဦးသက်နောင်က မေလ ၁၆ ရက်တွင် တရားလိုပြု၍ လွိုင်ကော်မြို့မရဲစခန်း၌ အမှုဖွင့်ခြင်းဖြစ်ကြောင်း  ဖော်ပြထား သည်။ ယင်းကိစ္စနှင့် ပတ်သက်၍ အမှုဖွင့်ခံရသူ ကရင်နီလူငယ် ကိုဒီးဒီထံ ဆက်သွယ်မေးမြန်းရာ ၎င်းတို့ခြောက်ဦးကို ပြည်နယ်အစိုးရအဖွဲ့က လွိုင်ကော်မြို့မရဲစခန်း၌ နိုင်ငံသားများ၏ ပုဂ္ဂိုလ် ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေဖြင့် အမှုဖွင့်ထားသည်ဟု သိထားသော် လည်း မေလ ၁၇ ရက် ညနေအထိ ရဲတပ်ဖွဲ့က တရားဝင်အသိပေး အကြောင်းကြားလာခြင်းမရှိသေး  ဟု ဆိုသည်။

No comments:

Post a Comment