Saturday, May 18, 2019

ကုန်သွယ်မှုအထူးအခွင့်အရေး မရုပ်သိမ်းသော်လည်း စောင့်ကြည့်ရေးမစ်ရှင်ဆက်ထားရန် အီးယူဆုံးဖြတ်

 မြန်မာနိုင်ငံသို့ ပေးအပ် ထားသော ကုန်သွယ်မှုအထူးအ ခွင့်အရေး (EBA) ကို ရုပ်သိမ်းရန် မဆုံးဖြတ်သော်လည်း စောင့် ကြည့်ရေး မစ်ရှင်အဖွဲ့ ဆက် လက်ထားရှိရန် သဘောတူညီ ကြောင်း ဥရောပသမဂ္ဂကသတင်း ထုတ်ပြန်သည်။ ပထမဆုံးသော ဥရောပသ မဂ္ဂ-မြန်မာအကြီးတန်းအရာရှိ များအစည်းအဝေးကို ဘရပ်ဆဲလ် မြို့တွင် မေလ ၁၆ ရက်ကကျင်းပ ခဲ့သည်။  ယင်းအစည်းအဝေးတွင် အီးယူနှင့် မြန်မာနိုင်ငံရှိ နိုင်ငံရေး နှင့် စီးပွားရေးဖွံ့ဖြိုးမှုများအခြေ အနေအပါအ၀င် ကျယ်ပြန့်သော အခြေအနေများ ဆွေးနွေးခဲ့ ကြောင်း နှစ်ဖက်ပူးတွဲထုတ်ပြန် ချက်၌ ဖော်ပြထားသည်။ ကုန် သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့်ဖွံ့ ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင် ရွက်မှုများအပြင် လူသားချင်းစာ နာထောက်ထားရေးကိစ္စရပ်များ၊ နိုင်ငံတစ်ဝန်းအပစ်အခတ်ရပ်စဲ ရေးသဘောတူညီမှုကို စောင့် ကြည့်သောနိုင်ငံတကာအဖွဲ့ဝင် ခြောက်အုပ်စုအနက် တစ်အုပ်စု အဖြစ် အီးယူ၏အခန်းကဏ္ဍတို့ ကိုလည်း ဆွေးနွေးခဲ့ကြောင်းယင်း ထုတ်ပြန်ချက်၌ ဖော်ပြထား သည်။



ထို့အပြင် ရခိုင်၊ ကချင်နှင့် ရှမ်းပြည်နယ်ရှိ ပြည်တွင်းစစ် ဘေးရှောင်များ၏ အခြေအနေ၊ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေး ကော်မရှင်၏ အကြံပြုချက်များ ကို အကောင်အထည်ဖော်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ နှင့် ဆက်စပ်ရာဇ၀တ်မှုများအ တွက် တာဝန်ခံမှုရှိရေး၊ မီဒီယာ လွတ်လပ်ခွင့်အပါအ၀င် လူ့အ ခွင့်အရေး၊ အလုပ်သမားများအ ခွင့်အရေးတို့အပြင် ဘင်္ဂလားဒေ့ရှ် နှင့် ထိုင်းနိုင်ငံမှ နေရပ်စွန့်ခွာသူ များ ပြန်လက်ခံရေးကိစ္စတို့လည်း နှစ်ဖက်ဆွေးနွေးခဲ့ကြောင်း အီး ယူ-မြန်မာပူးတွဲထုတ်ပြန်ချက်၌ ဖော်ပြသည်။

မြန်မာ့ပို့ကုန်များ ဥရောပ သမဂ္ဂသို့ တင်ပို့မှုသည် သိသာ ထင်ရှားစွာ တိုးတက်လာပြီး ၂၀၁၈ တွင် ၄၇ ရာခိုင်နှုန်းတိုး တက်ခဲ့သည်ဟုဆိုသည်။ ဥရောပ သမဂ္ဂ၏ တောင့်တင်းခိုင်မာသည့် ရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့် အ လုပ်အကိုင်အခွင့်အလမ်းများအ တွက်အရေးပါသော ကူညီဆောင် ရွက်မှုဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံသို့ ဥရောပသ မဂ္ဂက ၂၀၁၄ မှ ၂၀၂၀ အတွင်း ယူရိုငွေ ၆၄၈ သန်းကို ကြီးမား သော အကူအညီအဖြစ်သတ်မှတ် ၍ ကူညီနေသည်။ အထူးသဖြင့် ပညာရေး၊ စိုက်ပျိုးရေး၊ ကျေး လက်ဒေသ ဖွံ့ဖြိုးရေးနှင့် စီမံအုပ် ချုပ်မှုပြုပြင်ပြောင်းလဲရေးကဏ္ဍ များအတွက် ကူညီခြင်းဖြစ်သည်။

ကုန်သွယ်မှုအထူးအခွင့်အ ရေး (EBA) ဆိုသည်မှာ မြန်မာ နိုင်ငံက ဥရောပသမဂ္ဂသို့ လက် နက်ခဲယမ်းကလွဲ၍ မည်သည့်ကုန် ပစ္စည်းမဆို အခွန်ကင်းလွတ်ခွင့် ဖြင့် တင်ပို့နိုင်ခြင်းဖြစ်သည်။ နှစ်ဖက်ကြားလက်ရှိပြုလုပ် နေသော  နှစ်စဉ်လူ့အခွင့်အရေး ဆွေးနွေးပွဲနှင့် အီးယူသို့ လက် နက်များမှလွဲ၍ အားလုံးအခွန် လွတ်တင်ပို့ခွင့် (EBA) စောင့် ကြည့်မှု အစီအစဉ်များအပြင် ယ ခုအစည်းအဝေးကို ပုံမှန်ကျင်းပ ရန်လည်း နှစ်ဖက်သဘောတူခဲ့ သည်။

No comments:

Post a Comment