Saturday, May 18, 2019

တိုက်ပွဲများရပ်စဲရေး စစ်တွေတွင် ဆန္ဒထုတ်ဖော်ရန် စီစဉ်

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများရပ်စဲ ရေးအပါအ၀င်အချက်လေးချက် တောင်းဆိုထားခြင်းကို နိုင်ငံ တော် အကြီးအကဲများက အ ကြောင်းပြန်ကြားမှုမရှိသဖြင့် စစ် တွေမြို့၌ ဆန္ဒထုတ်ဖော်တောင်း ဆိုမည်ဖြစ်သည်။ ယင်းဆန္ဒထုတ်ဖော်ပွဲကို မေ လ ၁၉ ရက်တွင် ပြုလုပ်ရန် စီစဉ် နေပြီး တောင်းဆိုချက်ကိုးချက်ကို မြို့နယ်ရဲတပ်ဖွဲ့မှူးထံ တင်ပြ ထားသော်လည်း ခြောက်ချက်ကို သာ လက်ခံခဲ့သည်ဟု ဆန္ဒထုတ် ဖော်ပွဲဦးဆောင်မည့်သူ ဦးအောင် ဌေးကပြောသည်။



‘‘စစ်ပွဲနဲ့ပတ်သက်တဲ့ အရေး ကြီးတဲ့ မတရားနှိပ်စက်မှု ချက် ချင်းရပ်ဆိုတဲ့တောင်းဆိုချက်သုံး ချက်ကို လက်မခံပါဘူး။ တခြား ခြောက်ချက်ကိုတော့ ခွင့်ပြုပေး ထားပါတယ်’’ ဟု ၎င်းကဆိုသည်။ ရခိုင်ပြည်နယ်စစ်တွေမြို့ရှိ  မဏိရတနာ ဘုန်းတော်ကြီး ကျောင်းတွင် မေလ ၆ ရက်က ဂိုဏ်ပေါင်းစုံ သံဃာ့အစည်းအ ဝေးတစ်ရပ် ပြုလုပ်ပြီး ယင်းအ စည်းအဝေးမှ ရခိုင်ပြည်နယ်၌ ဖြစ်ပွားနေသည့် စစ်ပွဲများရပ်စဲ ရေး နိုင်ငံတော် အကြီးအကဲများထံ စာရေးတောင်းဆိုရန်နှင့် အ ကြောင်းမထူးပါက ဆန္ဒထုတ်ဖော် တောင်းဆိုရန် ဆုံးဖြတ်ခဲ့သည်။

No comments:

Post a Comment