Saturday, May 18, 2019

အမေရိကန် စီးပွားရေး Corner နှင့် မန္တလေးရှိ လုပ်ငန်းရှင်များ ဆွေးနွေး

 စီးပွားရေးလုပ်ငန်းအ ချင်းချင်းပူးပေါင်းဆောင်ရွက်နိုင်   ရန် အမေရိကန်စီးပွားရေးCorner မှ တာဝန်ရှိသူများသည် မန္တလေး မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်များ နှင့် ယမန်နေ့က ဆွေးနွေးခဲ့သည်။ ‘‘အမေရိကန်က လုပ်ငန်း တွေနဲ့ပူးပေါင်းဆောင်ရွက်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ဘယ်လိုကဏ္ဍတွေမှာ ပူးပေါင်း ဆောင်ရွက်လို့ရတယ်၊ ဘာတွေ လိုအပ်မယ်ဆိုတာကို သိရှိနိုင်စေ ဖို့အတွက် လမ်းညွှန်ပေးနိုင်ဖို့ဒီ ဆွေးနွေးပွဲကို ပြုလုပ်ပေးတာဖြစ် ပါတယ်’’ ဟု မန္တလေးတိုင်းကုန် သည်များနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များအသင်းအထွေထွေအ တွင်းရေးမှူး ဦးဥက္ကာကျော်က ပြောသည်။



အမေရိကန်နိုင်ငံ အနေဖြင့်  မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်း များနှင့် ပူးပေါင်းဆောင်ရွက်နိုင် ရန်အာဆီယံဒေသတွင်း၌ ပထမ ဆုံး အမေရိကန်စီးပွားရေးCorner ကိုမတ်လက မန္တလေးမြို့တွင် ဖွင့်လှစ်ပြီးနောက် နှစ်နိုင်ငံစီးပွား ရေးလုပ်ငန်းများ ပူးပေါင်းဆောင် ရွက်နိုင်ရေး ဆွေးနွေးပွဲကို မေလ  ၁၆ ရက်တွင် မန္တလေးတိုင်းကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းရုံးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ‘‘အမေရိကန် နိုင်ငံနဲ့စီးပွား ရေးလုပ်ငန်းတွေ ပူးပေါင်းဆောင် ရွက်လိုသူ၊ အမေရိကန်နိုင်ငံက  ထုတ်ကုန်တွေကို ဖြန့်ချိရောင်းချ လိုတဲ့လုပ်ငန်းရှင်တွေအတွက် အ ဓိကရည်ရွယ်ပြီး ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ လုပ်ငန်းရှင်တစ်ဦး ချင်းစီကိုပါလက်ခံပြီး ဆွေးနွေး ပေးခဲ့ပါတယ်’’ ဟု ဦးဥက္ကာကျော်  ကပြောသည်။ အဆိုပါ ဆွေးနွေးပွဲတွင် အ မေရိကန်စီးပွားရေး Corner မှ တာဝန်ရှိသူများအပြင် အမေရိ ကန်ကုန်သွယ်ရေးနှင့် စီပွားရေး  ဆိုင်ရာဌာနမှ တာဝန်ရှိသူများ လာရောက်ကာ လမ်းညွှန်ဆွေးနွေးခဲ့ကြောင်း ၎င်းကပြောကြားသည်။

No comments:

Post a Comment