Saturday, May 18, 2019

ထွေအုပ်သို့ တပ်မတော်မှ ပြောင်းရွှေ့လာသူ ၃၀ ရာခိုင်နှုန်းခန့်ရှိ အများစုမှာ ခရိုင်အုပ်ချုပ်ရေးမှူးအဆင့်တွင် တာဝန်ယူထား

အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနသို့ တပ်မတော် မှ ပြောင်းရွှေ့သူ ၃၀ ရာခိုင်နှုန်းရှိ သည်ဟု အဆိုပါဌာန စီမံညွှန် ကြားရေးမှူး ဦးအောင်သိုက်ဝင်း က ပြောသည်။ ‘‘အများဆုံးက ခရိုင်အုပ်ချုပ် ရေးမှူးနယ်ပယ်မှာ ရှိတာပါ’’ဟု ၎င်းကဆိုသည်။ မေလ ၇ ရက်က နေပြည် တော်၌ ပြုလုပ်သည့် အစိုးရ၏ တတိယနှစ်အတွင်း ဆောင်ရွက်မှုများဆိုင်ရာ သတင်းစာရှင်းလင်း ပွဲတွင် အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ 7Day Daily သတင်းစာက မေးမြန်းရာတွင် ထိုသို့ ပြန်လည်ဖြေ ကြားသည်။ ကျန် ၇၀ ရာခိုင်နှုန်းသည် ထွေအုပ်ဝန်ထမ်းများနှင့် အခြား ဌာနများမှ ပြောင်းရွှေ့လာသော ဝန်ထမ်းများဖြစ်ကြောင်း ဦးအောင်သိုက်ဝင်းက ရှင်းပြသည်။ ယခင် ပြည်ထဲရေးဝန်ကြီး ဌာနလက်အောက်ရှိ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကို ဒီဇင်ဘာ၂၈ ရက်ကစ၍ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနလက် အောက်သို့ လွှဲပြောင်းခဲ့သည်။


ထိုသို့ ပြောင်းလဲအပြီး ပထမသုံးလတွင် အထွေထွေအုပ်ချုပ် ရေးယန္တရား တည်ငြိမ်ရေး၏ အသွင်သဏ္ဌာန်ဖြစ်သော ရင်ထိုးတံဆိပ်များ ပြောင်းလဲပြီး ဒုတိယကာလတွင်မူ အနှစ်သာရပိုင်းများ ပြောင်းလဲနိုင်ရန် စီစဉ်နေသည်ဟု ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သန်းကပြောသည်။

‘‘အနှစ်သာရ ပြောင်းလဲ တယ်ဆိုတာကတော့ ယခင်တုန်း က ဆောင်ရွက်နေတဲ့ အုပ်ချုပ်မှု ပုံသဏ္ဌာန်တွေပေါ့နော်။ အခု ကျွန်တော်တို့ ဆောင်ရွက်နေတဲ့ လုပ်ထုံးလုပ်နည်းတွေ အပေါ်မှာ ဘယ်လိုအကြောင်းအရာတွေကို ဖြေလျှော့ပြီးတော့ ဆောင်ရွက်ရ မလဲဆိုတာမျိုးတွေက အချိန်ယူ ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆောင် ရွက်ရမှာမျိုးတွေ ဖြစ်ပါတယ်’’ဟု ၎င်းက ရှင်းပြသည်။

 ထွေအုပ်ဦးစီးဌာနတွင် အမျိုးသမီး ၂၅ ရာခိုင်နှုန်းရှိပြီး ခရိုင်အုပ်ချုပ်ရေးမှူး နယ်ပယ် တွင် အမျိုးသား ၉၉ ရာခိုင်နှုန်းရှိကြောင်း ဝန်ကြီးဌာနစာရင်းများ က ဆိုသည်။  မြို့နယ်အုပ်ချုပ်ရေးမှူးအ ဆင့်၌ အမျိုးသမီးပါဝင်မှု ကိုကိုး ကျွန်းတွင် တာဝန်ထမ်းဆောင်နေ သူတစ်ဦးသာရှိသည်။

No comments:

Post a Comment