Monday, May 27, 2019

ချင်းတွင်းမြစ်အတွင်း မော်တော်(၂)စင်း တိုက်မိမှုဖြစ်ပွား၊ အလောင်း ၃ လောင်း ဆယ်ယူရရှိ၊ ပျောက်ဆုံးသူ ၂ ဦးအား ရှာဖွေနေဆဲ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းတံတား အနီးမှာ မေ(၂၆)ရက် မနက်ပိုင်းက သစ်ထုတ်ရေးလုပ်ငန်းက ဖောင်ဆွဲမော်တော်နဲ့ ကုန်တင် မော်တော်- ဒေသအခေါ်(ဖလက်မော်တော်) တို့ တိုက်မှုဖြစ်ပွားခဲ့ ပါတယ်။ အဲဒီဖြစ်စဉ်ကြောင့် ဖောင်ဆွဲမော်တော် နစ်မြုပ်ခဲ့တယ်လို့ မုံရွာမြို့ မီးသတ်ဦးစီးဌာနက အတည်ပြုပြောဆိုပါတယ်။
မော်တော်နှစ်စင်း တိုက်ခဲ့တာနဲ့ပတ်သက်ပြီး ကယ်ဆယ်ရေးဆောင်ရွက်ပေးနေတဲ့ ဒေသခံတစ်ဦးက “စက်လှေကြီးက ပထမလဲနေတာ။ အဲဒါကိုပြန်တဲ့ပြီး ၀င်ဆယ်တဲ့အခါမှာ (၂)လောင်းတွေ့တယ်။ အထဲမှာတော့ (၂) လောင်းကျန်သေးတယ်ပြောတယ်။ အပျက်အစီးတွေနဲ့ ပိတ်ဆို့နေ တာကြောင့် ၀င်လို့မရသေးဘူး” လို့ပြောပါတယ်။ နစ်မြုပ်ခဲ့တဲ့ ဖောင်ဆွဲမော်တော်ပေါ်မှာ လိုက်ပါသူ(၁၁) ယောက်ထဲက အသက်ရှင်လွတ်မြောက်သူ (၆)ယောက်၊ အလောင်း (၃) လောင်း တွေ့ရှိထားပြီး လက်ရှိအချိန်မှာတော့ ပျောက်ဆုံးနေသူ ၂ ယောက်ကို ဆက်လက်ရှာဖွေနေဆဲဖြစ်တယ်လို့ သိရပါတယ်။

No comments:

Post a Comment