Saturday, May 18, 2019

ဦးသန့်ရုပ်တု ဗုဒ္ဓဖွားမြင်ရာ လုမ္ဗိနီ၌ ဖွင့်လှစ်

ကုလသမဂ္ဂအ ထွေထွေအတွင်းရေးမှူးချုပ် ဦး သန့်၏ ရုပ်တုဖွင့်ပွဲကို ယမန်နေ့ (မေလ၁၇ ရက်) တွင် ဗုဒ္ဓဖွားမြင် ရာနီပေါနိုင်ငံ လုမ္ဗိနီ၌ ကျင်းပ ခဲ့ကြောင်း ဦးသန့်နေအိမ်ပြတိုက် က သတင်းထုတ်ပြန်သည်။ ဦးသန့်၏ရုပ်တုဖွင့်ပွဲအခမ်းအနားသို့ မြေးဖြစ်သူသမိုင်းပညာ ရှင် ဒေါက်တာသန့်မြင့်ဦး၊ တိုင်း ၀န်ကြီးချုပ် ရှန်ကာပိုခ်ရာလ်၊ ခရီးသွားလာရေးဝန်ကြီး လီလာ ဂီရိ၊ ဆရာတော်များ၊ မယ်သီလ ရှင်များ၊ နီပေါနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးထွန်းနေလင်း နှင့် အစိုးရအရာရှိများတက် ရောက်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။


ဦးသန့်သည် လုမ္ဗိနီသို့ ၁၉၆၇ ဧပြီတွင် သွားရောက်လည် ပတ်ခဲ့ပြီး ယင်းဒေသကို အပြည် ပြည်ဆိုင်ရာ ဘုရားဖူးနေရာအဖြစ် တိုးတက်ဖွံ့ဖြိုးလာစေရန် ပထမ ဆုံးအကြံပေးခဲ့သည်ဟု ဦးသန့် နေအိမ်ပြတိုက်က သတင်းထုတ် ပြန်ထားသည်။ ဦးသန့်နှင့် နီပေါဘုရင်မဟန္ဒြာတို့ ၁၉၆၇ တွင် နီပေါ၌ တွေ့ ဆုံပြီးနောက် ကုလသမဂ္ဂနှင့် နီပေါအစိုးရတို့ ပူးပေါင်းကာ လုမ္ဗိနီစီမံကိန်းကို အကောင်အ ထည်ဖော်ခဲ့သည်။

No comments:

Post a Comment