Sunday, May 19, 2019

ပန်ဝါဒေသသတ္တုတူးဖော်ရေး လုပ်ကွက်များကို ကချင်ပြည်နယ်အစိုးရ ကွင်းဆင်းစစ်ဆေး လုံခြုံရေးအခြေအနေအရ နေရာစုံစစ်ဆေးနိုင်ခြင်းမရှိခဲ့ဟု ပြည်နယ်ဝန်ကြီးပြော

ကချင်ပြည်နယ် ပန် ၀ါဒေသ၌ သတ္တုတူးဖော်ရေး  ကုမ္ပဏီက စွန့်ပစ်သည့် ရေဆိုး များကြောင့် အိမ်မွေးတိရစ္ဆာန်များ အစာအဆိပ်သင့်နေသဖြင့် စစ်ဆေးပေးရန်ဒေသခံများက ပြည်နယ်အစိုးရထံတိုင်ကြား၍  သွား ရောက်စစ်ဆေးရာတွင် လုံခြုံရေး  အခြေအနေအရ နေရာစုံစစ်ဆေး နိုင်ခြင်းမရှိကြောင်း ပြည်နယ် သယံဇာတ၀န်ကြီးကပြောသည်။ ကချင်ပြည်နယ်သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းနှင့်  ယင်းဌာန တာဝန်ရှိသူများပါ ၀င်သောအဖွဲ့သည် ပန်ဝါဒေသ သို့မေလ ၁၅ ရက်နှင့် ၁၆ ရက် တွင် သွားရောက်စစ်ဆေးခဲ့သည်။



‘‘ကျွန်တော်တို့သွားတဲ့နေ ရာမှာတော့  သူတို့ (ဒေသခံများ)  ပြောသလောက်ကြီးတော့ မတွေ့ ခဲ့ရပါဘူး။ မသွားနိုင်တဲ့နေရာ တွေတော့ရှိပါတယ်’’ ဟု ဦးဒါရှီ လဆိုင်းက ပြောသည်။

အထူးဒေသ (၁) ဖြစ်သည့်  ပန်ဝါဒေသတွင် ပြည်သူ့စစ်အဖွဲ့ နှင့် နယ်ခြားစောင့်တပ်ဖွဲ့အခြေ စိုက်ပြီးယင်းအဖွဲ့ခေါင်းဆောင် များနှင့် မိသားစုဝင်များ ပိုင်ဆိုင် သည့် ကုမ္ပဏီများက တူးဖော်နေ ခြင်းဖြစ်သည်ဟု ဦးဒါရှီလစိုင်းက ပြောသည်။ လက်နက်ကိုင်အဖွဲ့   များကြောင့် နေရာစုံသွားရောက် စစ်ဆေးနိုင်ခြင်းမရှိဟု ၀န်ကြီး  ကပြောသည်။

သတ္တုတူးဖော်ရေးလုပ်ငန်း  များကြောင့် ဒေသတွင်းသဘာဝ ပတ်ဝန်းကျင်ပျက်စီးမှုကို စစ် ဆေးပေးရန် ဒေသခံများကကချင် ပြည်နယ်အစိုးရထံအကြိမ်ကြိမ် တိုင်ကြားခဲ့သည်။ ပြီးခဲ့သည့် ဧပြီ  လက ပန်ဝါဒေသမှသဘာဝပတ် ၀န်းကျင် ပျက်စီးနေသည့် ဓာတ် ပုံများလူမှုကွန်ရက်၌ ပျံနှံ့ပြီး မကြာမီ ကချင်ပြည်နယ်အစိုးရက ကွင်းဆင်းစစ်ဆေးခဲ့သည်။ ကွင်းဆင်းစစ်ဆေးရာတွင် ဒေသခံများနှင့်တွေ့ဆုံခြင်း မရှိသည့် အပေါ် ကချင်ပြည်နယ်ရှိ အရပ်ဘက်အဖွဲ့အစည်းများက ဝေဖန်နေသည်။ လုံခြုံရေးအခြေအနေ ကြောင့် ဒေသခံ အရပ်သားများနှင့် တွေ့ဆုံနိုင်ခြင်းမရှိခဲ့ဟု ပြည် နယ်အစိုးရက ဆိုသည်။

စစ်ဆေးရေးအဖွဲ့က ပန်ဝါ ဒေသရှိ မြန်မာမျိုးကိုကိုနှင့် ဆန်း  လင်းကုမ္ပဏီပိုင်လုပ်ကွက်နှင့် စက်ရုံများကို ကွင်းဆင်းစစ်ဆေး ပြီး မြန်မာမျိုးကိုကို၊ ဆန်းလင်း၊ ချိန်ရိန်တောင်၊ ဘောမ်မြန်၊  မြန်မာအထွဋ်အထိပ်၊ လန်းဂျော  ဘွမ်ကုမ္ပဏီတို့၏ တာဝန်ရှိသူ များ၊ ပန်ဝါမြို့အုပ်ချုပ်ရေးမှူး၊  ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟုကချင် ပြည်နယ်သတ္တုတွင်းဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။ ကွင်းဆင်းစစ်ဆေးတွေ့ရှိချက် များအပေါ်ကုမ္ပဏီများ လိုက်နာ ဆောင်ရွက်ရမည့် လုပ်ငန်းများ  ကို အမြန်ဆုံးအကောင်အထည် ဖော်ဆောင်ရွက်ရန်၊ ဥပဒေ၊ နည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်ရန် လမ်းညွှန်ခဲ့ပါကြောင်းသတင်း ထုတ်ပြန်ထားသည်။


မြစ်ကြီးနားခရိုင်ချီဖွေမြို့ နယ်တွင် ပါဝင်သောပန်ဝါဒေသ သည် တရုတ်နိုင်ငံနှင့် နယ်ချင်း  ထိစပ်နေသည်။ ယင်းဒေသ၌ မြေရှားသတ္တု၊ ခဲမဖြူနှင့်သံသတ္တု များထွက်ရှိပြီး ကုမ္ပဏီအနည်းဆုံး ခြောက်ခုက တူးဖော်ရေးလုပ်ငန်း များလုပ်ဆောင်နေသည်။ လုပ် ငန်းခွင်အတွင်း ဒေသအနှံ့မှလာ ရောက်သောအလုပ်သမားများ၊    ဒေသခံများအပြင် တရုတ်နိုင်ငံ သားများလည်း လာရောက်လုပ်ကိုင်နေသည်။

No comments:

Post a Comment