Saturday, May 18, 2019

PPST အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ကြောင်း ထိပ်သီးညီလာခံသို့ KNU စာတင် တိုင်းရင်းသားများပူးပေါင်းဆောင်ရွက်မှုကို အစည်းအဝေးကျင်းပသည့် ပုံစံဖြင့် ပြုလုပ်ရန်အဆိုပြု

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ထိုး ထားသည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်း ဆောင်များ ပါဝင်စုဖွဲ့ထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦး ဆောင်အဖွဲ့ (PPST) မှ နုတ် ထွက်ကြောင်းယမန်နေ့က ကျင်း ပသည့် ချင်းမိုင်ထိပ်သီးခေါင်း ဆောင်များ အစည်းအဝေးသို့ ကရင်အမျိုးသား အစည်းအရုံး (KNU)က စာတင်ခဲ့သည်။ NCA လက်မှတ်ထိုး ဆယ် ဖွဲ့ ထိပ်သီးခေါင်းဆောင်များ၏ ညီလာခံစတုတ္ထနေ့ကို မေလ ၁၇ ရက်က ထိုင်းနိုင်ငံချင်းမိုင်မြို့၌ ဆက်လက်ကျင်းပရာ KNU က PPST အဖွဲ့ဝင်အဖြစ်မှ နုတ် ထွက်ကြောင်းစာကို တင်ပြခဲ့ခြင်း ဖြစ်ကြောင်း တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ ခေါင်းဆောင်တစ် ဦးက အတည်ပြုသည်။

‘‘အဲဒီလို တင်ပြထားတာပဲ ရှိတယ်။ ဒါပေမဲ့မဆုံးဖြတ်သေး ဘူး။ မနက်ဖြန်မှဆုံးဖြတ်မှာ။ ပူးပေါင်းဆောင်ရွက်မှု လုပ်မယ် လို့တော့ပြောတယ်’’ ဟု ၎င်းက  မေလ ၁၇ ရက်ညနေတွင်ဆိုသည်။

PPST ကို ၂၀၁၆ မတ်လက NCA လက်မှတ်ထိုး တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့ ထိပ်သီးခေါင်းဆောင်များဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ငြိမ်း ချမ်းရေးလုပ်ငန်းစဉ် ဆိုင်ရာအ ကောင်အထည်ဖော်မှုတွင် နိုင်ငံ ရေးဦးဆောင်မှုပေးခြင်း၊ မူဝါဒနှင့် အရေးကြီးသော ဆုံးဖြတ်ချက်များ ချမှတ်ခြင်းတို့ ညှိနှိုင်းဆောင်ရွက် ရန် ရည်ရွယ်ဖွဲ့စည်းခဲ့သည်။ PPST ၏ အဖွဲ့ခေါင်းဆောင်မှာ KNU ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး စောမူ တူးစေးဖိုးဖြစ်ပြီး ဒုတိယအဖွဲ့ ခေါင်းဆောင်မှာ ရှမ်းပြည် ပြန် လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး ယွက် ဆစ်ဖြစ်သည်။ 

သို့ရာတွင် PPST စုဖွဲ့ ဆောင်ရွက်မှုနှင့် ပတ်သက်ပြီး KNU ဗဟိုကော်မတီက သဘော ထားပြောင်းလဲခဲ့ပြီး PPST တွင် ပါဝင်နေသည့် ၎င်းတို့၏ ဥက္ကဋ္ဌ အစားအဖွဲ့၏ အထွေထွေအတွင်း ရေးမှူးပဒိုစောတာဒိုမူးကို  အစား ထိုးပြောင်းလဲခဲ့သည်။ အလားတူ RCSS ကလည်း ၎င်းတို့ ဥက္ကဋ္ဌ  အစားဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ဘောင် ခေးကိုအစားထိုးခဲ့သည်။ ထို့ ကြောင့် ယခုကျင်းပသည့် ထိပ် သီးခေါင်းဆောင်များ ညီလာခံ တွင် PPST စုဖွဲ့မှု နှင့်ပတ်သက်ပြီး ဆွေးနွေးရာတွင် KNU က နုတ် ထွက်စာ တင်ခဲ့ခြင်းဖြစ်သည်။

KNU အနေဖြင့် ထိုသို့နုတ် ထွက်စာတင်သော်လည်း တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ပူးပေါင်း ဆောင်ရွက်မှုကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ ကော်မတီ အစည်းအဝေး (PPCM) ပုံစံဖြင့်လုပ်ဆောင်ရန် အဆိုပြုခဲ့သည်။

ရရှိထားသော သတင်းအချို့ အရ KNU ၏ အဆိုပြုချက်ကို  RCSS တစ်ဖွဲ့တည်းကသာမူ အားဖြင့် ထောက်ခံခဲ့ကြောင်း၊ ဆက်လက် ဆွေးနွေးရမည်ဖြစ် ကြောင်း သဘောထားပေးခဲ့ပြီး ကရင်လက်နက်ကိုင် နှစ်ဖွဲ့ဖြစ် သည့် KNLA-PC၊ DKBA၊ ပအိုဝ်းအဖွဲ့ (PNLO)၊ ချင်းအဖွဲ့ (CNF)၊ ရခိုင်အဖွဲ့ (ALP)နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အဖွဲ့ခြောက်ဖွဲ့က PPST စုဖွဲ့မှုတွင် ဆက်လက်ပါ ၀င်ရန် သဘောထားပေးခဲ့ကြ သည်ဟု ဆိုသည်။

PPST အဖွဲ့ဝင် မဟုတ် သည့် မွန်အဖွဲ့ (NMSP) နှင့် လားဟူအဖွဲ့ (LDU) တို့ကမူ KNU  အပါအ၀င်  PPST အဖွဲ့ ၀င်ရှစ်ဖွဲ့စလုံးစုဖွဲ့မှု ဆက်လက် လုပ်ဆောင်ပါက   ၎င်းတို့အနေ ဖြင့်လည်း PPST အဖွဲ့ဝင်အဖြစ် ပါဝင်မည်ဖြစ်ကြောင်း သဘော ထားပေးခဲ့သည်ဟုဆိုသည်။

တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ခေါင်းဆောင်အချို့က  PPST စုဖွဲ့မှုနှင့်ပတ်သက်ပြီး အဖွဲ့နာယကအဖြစ် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးကို ထားရှိကာ PPST အဖွဲ့ခေါင်း ဆောင်အဖြစ် RCSS ဥက္ကဋ္ဌအား လည်းကောင်း၊ ဒုတိယအဖွဲ့ ခေါင်းဆောင်အဖြစ် KNUဒုဥက္ကဋ္ဌ  ပဒိုစောကွယ်ထူးဝင်းအား လည်း ကောင်း တာဝန်ပေးအပ်ပြီးစုဖွဲ့မှု အသစ်ပြုလုပ်ရန် စဉ်းစားချက် များ ရှိသော်လည်း KNU အဖွဲ့ ၏ နုတ်ထွက်ရန် ဆုံးဖြတ်ချက် ကြောင့် မအောင်မြင်ခဲ့ပေ။

ထိုသို့ KNU နုတ်ထွက်သည့် အခြေအနေတွင် RCSS ဥက္ကဋ္ဌ ကို PPST အဖွဲ့ခေါင်းဆောင် အဖြစ် ထားရှိဆောင်ရွက်ရန် အဖွဲ့ ခြောက်ဖွဲ့က သဘောတူညီသော် လည်း RCSS က PPST တွင်ဆက် လက်ပါဝင်မည်၊ မပါဝင်မည် အ ဆုံးအဖြတ်မပေးသေး၍ ယနေ့ (မေလ ၁၈ရက်)တွင်  ကျင်းပမည့် ညီလာခံနောက်ဆုံးနေ့တွင် ဆက် လက်ညှိနှိုင်းမည်ဖြစ်သည်။

အစိုးရငြိမ်းချမ်းရေး ဆွေး နွေးရေးကိုယ်စားလှယ် ဦးလှ မောင်ရွှေကမူ PPST တွင် KNU အဖွဲ့ဆက်လက်ပါဝင်စေ လို ကြောင်း၊ မည်သို့ပင်ဖြစ်စေ KNU အနေဖြင့် NCA လက်မှတ်ရေး ထိုးထားသည့်အဖွဲ့ဖြစ်၍ NCA လုပ်ငန်းစဉ်များ အောင်မြင်စွာ ဖော်ဆောင်နိုင်မည်ဟု ယူဆ ကြောင်း ပြောကြားသည်။ အစိုးရအနေဖြင့်လည်း နှစ် ၀က်ကျော်ကြာ ရပ်တန့်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပြန် လည်အစပြုနိုင်ရေး ယခုချင်း မိုင်ညီလာခံအပြီးတွင် ဆွေးနွေး မှုများ ပြန်လည်စတင်လိုကြောင်း တိုင်းရင်းသား အဖွဲ့များထံသို့ အဆိုပြုထားသည်။

No comments:

Post a Comment