Saturday, May 18, 2019

ဗိုလ်ချုပ်ရုပ်တုကိစ္စ အဖြေရှာရန် KNPP ကော်မတီဖွဲ့မည်

ကယားပြည်နယ်တွင် အရေးကြီးကာလအဖြစ် သတ် မှတ်ပြီးနောက် နှစ်ဖက်တင်းမာနေ သည့်ဗိုလ်ချုပ်ရုပ်တုအရေး ဆက် လက်ဆွေးနွေးအဖြေရှာရန် ကော် မတီတစ်ခုဖွဲ့စည်းပါဝင်မည်ဟု ကရင်နီအမျိုးသားတိုးတက်ရေး ပါတီက ယမန်နေ့တွင် ကြေညာ ချက်ထုတ်ပြန်သည်။ ကရင်နီပြည်နယ်အတွင်း ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် စိုက်ထူရန် ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုဦးဆောင်၍ စီစဉ်နေချိန်ကပင် နောင်တွင် ရုပ် တုကိစ္စနှင့်ပတ်သက်၍ အငြင်း ပွားဖွယ်ရာပြဿနာများဖြစ်လာ နိုင်သဖြင့် ယင်းအစီအစဉ်ဆောင် ရွက်ခြင်းမပြုရန် အကြိမ်ကြိမ်သ တိပေးခဲ့ကြောင်း တစ်နိုင်ငံလုံး အပစ်ရပ်သဘောတူညီချက် (NCA)ရေးထိုးထားသည့် KNPP က မေလ ၁၇ ရက်စွဲဖြင့်ထုတ်ပြန် သောကြေညာချက်၌ ဖော်ပြထား သည်။

ထိုသို့အသိပေးမှုများအပေါ် အလေးထားမှုမရှိဘဲ ပြည်နယ်အ စိုးရအဖွဲ့က ဗိုလ်ချုပ်ရုပ်တုစိုက်ထူခဲ့ရာ လက်ရှိတွင် နောက်ဆက်တွဲ ပြဿနာများကြုံတွေ့လာ သည့်အပြင် ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်အပေါ် သက်ရောက်မှု ဖြစ်ပေါ်လာကြောင်း KNPP က ဆိုသည်။

ကရင်နီအမျိုးသားတိုးတက် ရေးပါတီအနေဖြင့် ပြည်နယ် တည်ငြိမ်အေးချမ်းရေး ဗိုလ်ချုပ် ရုပ်တုကိစ္စနှင့်ပတ်သက်၍ နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ အ မျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနအပါအ၀င် ငြိမ်းချမ်းရေးကော်မရှင်တို့ထံ စာ ဖြင့်လည်းကောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လည်းကောင်း ပြဿနာပြေလည် စေရေး ကြိုးပမ်းခဲ့ကြောင်း ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ဗိုလ်ချုပ်ရုပ်တု စိုက်ထူရန် ပြည်ထောင်စုအစိုးရ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တို့က ညွှန်ကြားခြင်းနှင့်မူဝါဒချ မှတ်ထားခြင်းမရှိကြောင်းသတင်း မီဒီယာများမှတစ်ဆင့် သိရှိသ ဖြင့် ပြည်နယ်အစိုးရအဖွဲ့သည် ပြည်သူအများစု၏ဆန္ဒကို ရှေ့ရှု ဆောင်ရွက်ရန်လိုအပ်သည် စ သည်ဖြင့် KNPPက တိုက်တွန်း သည်။

မေလ ၇ ရက်က လွိုင်ကော် မြို့တွင် KNPP နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်း ချမ်းရေးဗဟိုဌာန (NRPC)တို့ ပါ ၀င်သော လေးပွင့်ဆိုင်ဆွေးနွေးပွဲ ၌ ကန္ဒဟေ၀န်ပန်းခြံအတွင်း စိုက် ထူထားသော ဗိုလ်ချုပ်ကြေးရုပ် ပြောင်းရွှေ့ရေးဆက်လက်ဆွေး နွေးရန် ပြည်နယ်အစိုးရအဖွဲ့နှင့် သပိတ်ကော်မတီတို့ သဘောတူ ညီခဲ့သည်။ သို့သော် မေလ ၁၄ ရက် အ စည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်ကရုပ်တုကို မရွှေ့ပြောင်းပေးနိုင်ဟုပြောပြီးနောက် အခြေအနေများပြန်လည်တင်းမာနေသည်။

No comments:

Post a Comment