Monday, June 17, 2019

3D Dice ဂိမ်း ဆော့(ဖ်)ဝဲဖြင့် အံစာတုံးခေါက်လောင်းကစားပြုလုပ်နေသူများအား အရေးယူ

ဖုန်းအတွင်းရှိ 3D Dice ဂိမ်း ဆော့(ဖ်)ဝဲအား ဖွင့်၍ အံစာတုံးခေါက်လောင်းကစားပြုလုပ်နေသူ (၅)ဦးအား အလုံမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ သစ်တောရပ်ကွက်တွင် ယမန်နေ့(ဇွန်လ ၁၅ ရက်) ညနေ ၅ နာရီအချိန်ခန့်က လူအချို့ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ အလုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။



ထိုသို့သွားရောက်စစ်ဆေးခဲ့ရာတွင် သစ်တောရပ်ကွက်၊ ကျောင်းအုတ်တံတိုင်းနှင့် ကွန်တိန်နာကြားတွင် အမျိုးသား (၅)ဦးသည် ဖုန်းအတွင်းရှိ 3D Dice ဂိမ်းဆော့(ဖ်)ဝဲအား ဖွင့်၍ အံစာတုံးခေါက်လောင်းကစားပြုလုပ်နေသည်ကို တွေ့ရှိဖမ်းဆီးရမိခဲ့သောကြောင့် အရေးယူပေးရန်တိုင်တန်းချက်အရ ယင်း(၅)ဦးအား အလုံမြို့မရဲစခန်း(ပ)၃၃၄/၂၀၁၉၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

No comments:

Post a Comment