Monday, June 17, 2019

မန်ယူမှ ထွက်ခွာနိုင်ဟု ပေါ့ဂ်ဘာပြောကြား

 ပြင်သစ်ကွင်းလယ်လူ ပေါ့ဂ်ဘာက ၎င်းအနေဖြင့် မန်ယူ မှထွက်ခွာနိုင်ကြောင်း တိုကျိုမြို့ တွင် သတင်းထောက်များအား ပြောကြားသည်။ ‘‘အခုအချိန်ဟာ ဒီ့ပြင်တစ် နေရာရာမှာ စိန်ခေါ်မှုအသစ်တစ် ခုကိုရင်ဆိုင်ဖို့ အချိန်ကောင်း တစ်ခု ဖြစ်လာနိုင်တယ်လို့ထင်ပါ တယ်’’ဟု ပေါ့ဂ်ဘာက သတင်း ထောက်များအား ပြောကြား သည်။



ပေါ့ဂ်ဘာသည် နည်းပြဇီ ဒန်းနှင့်လက်တွဲရန် ရီးရဲလ်သို့ ပြောင်းမည်(သို့မဟုတ်)၎င်း၏ အသင်းဟောင်းဂျူဗင်တပ်သို့ ပြန် မည်ဟု ဗြိတိန်မီဒီယာများက ဖော် ပြသည်။

ပေါ့ဂ်ဘာသည် မန်ယူတွင် အခြေအနေ မငြိမ်သက်သည့် ကာလတစ်ခုကို ဖြတ်သန်းခဲ့ရ သည်။ ၎င်းက လူတိုင်းလိုပင်မိမိ သည် မန်ယူတွင်ကောင်းသောအ ခိုက်အတန့်အချို့၊ မကောင်း သောအခိုက်အတန့်အချို့ ကြုံခဲ့ ရပြီးဖြစ်ကာ ယခုရာသီပြီးနောက် ထွက်ခွာရန်အချိန်ကောင်း ကျ ရောက်ပြီဟုယူဆကြောင်း ပြော ကြားသည်။

ဂျူဗင်တပ်မှ ၂၀၁၆ ဩဂုတ် က ကမ္ဘာ့စံချိန်တင်ကြေးပေါင် ၈၉ ဒသမ ၃ သန်းဖြင့် ပြောင်းရွှေ့ လာသောပေါ့ဂ်ဘာသည် မန်ယူ က မော်ရင်ဟိုကိုထုတ်ပယ်ပြီး ဆိုးလ်ရှားနှင့် အစားထိုးခန့်အပ် မှုလည်း ကြုံခဲ့ရပြီးဖြစ်ကာ မော် ရင်ဟိုနှင့် ဆက်ဆံရေးမပြေလည် ဖြစ်ခဲ့သည်ဟုဆိုသည်။ ယင်းကဲ့သို့ မငြိမ်သက်သော အခြေအနေများကြုံခဲ့သော် လည်း ပေါ့ဂ်ဘာသည် မန်ယူ၌ ၉၂ ပွဲတွင် ၂၄ ဂိုးသွင်းယူကာ ပြီး ခဲ့သည့်ရာသီက တစ်နှစ်တာအ ကောင်းဆုံးပရီးမီးယားလိဂ်က စားသမား ၁၁ ဦးစာရင်း၌ ပါဝင် ခဲ့သည်။ 

No comments:

Post a Comment