Monday, June 17, 2019

အိန္ဒိယက ၂၀၂၂ ခုနှစ် နောက်ပိုင်းတွင် အလွန်သေးငယ်သော အာကာသစခန်းတစ်ခု တည်ဆောက်ရန် စီစဉ်

ISRO က ဖန်တီးခဲ့သည့် လပေါ်သွားယာဉ်အား ဇွန် ၁၂ ရက်က တွေ့ရစဉ် (Photo : AFP)အာကာသအတွင်းသို့ လူလိုက်ပါသည့် ပထမဆုံး ခရီးစဉ်အတွက် ပြင်ဆင်နေသော အိန္ဒိယက လာမည့် ဆယ်စုနှစ်တွင် အလွန်သေးငယ်သော ကိုယ်ပိုင်အာကာသစခန်းတစ်ခု တည်ဆောက်ရန် စီစဉ်နေကြောင်း အိန္ဒိယအာကာသ သုတေသနအဖွဲ့ (ISRO) ၏ ဥက္ကဋ္ဌဌက ပြောကြားခဲ့သည်။ ၂၀၂၂ ခုနှစ် မတိုင်မီတွင် လူလိုက်ပါသော အာကာသခရီးစဉ်ကို အောင်မြင်စွာ ဆောင်ရွက်ပြီးနောက် ကိုယ်ပိုင် အာကာသစခန်းတစ်ခု တည်ဆောက်သွားမည်ဖြစ်ကြောင်း ISRO ၏ ဥက္ကဋ္ဌဌ ကေစီဗန်က ပြောကြားခဲ့သည်။ အာကာသတွင်းသို့ ခရီးသွားလုပ်ငန်းအတွက်နှင့် အခြားအစီအစဉ်များအတွက် ဆောင်ရွက်မည် မဟုတ်ကြောင်း၊ သုတေသန စမ်းသပ်မှုများအတွက် အသုံးဝင်သည့် အာကာသစခန်း တစ်ခုကိုသာ တည်ဆောက်သွားမည် ဖြစ်ကြောင်း ゞင်းက ပြောကြားခဲ့သည်။


အိန္ဒိယ၏ ပထမဆုံး အာကာသခရီးစဉ်သည် ၂၀၂၂ ခုနှစ်၌ စတင်မည်ဖြစ်ပြီး ဗြိတိန်ထံမှ လွတ်လပ်ရေးရသည့် ၇၅ နှစ်မြောက် အထိမ်းအမှတ်နှစ်တွင် ဆောင်ရွက်မည်ဖြစ်သည်။ Gaganyaan ဟု အမည်ပေးထားသော ထိုအာကာသခရီးစဉ်တွင် အာကာသယာဉ်မှူး နှစ်ဦးမှ သုံးဦးအတွင်း ပါဝင်မည်ဖြစ်ပြီး အများဆုံး ခုနစ်ရက် ကြာမြင့်နိုင်သည်။ အိန္ဒိယသည် ၂၀ဝ၈ ခုနှစ်တွင် ပထမဆုံး လကမ္ဘာသွား အာကာသခရီးစဉ်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး လပေါ်တွင် ရေမော်လီကျူး ရှာဖွေတွေ့ရှိရေးအတွက် အိန္ဒိယ၏ လကမ္ဘာ ခရီးစဉ်က အဓိကအခန်းကဏ္ဍဍမှ ပါဝင်ခဲ့သည်။

မကြာသေးခင် နှစ်များအတွင်း အာကာသခရီးစဉ်များအတွက် တိုးတက်မှုများ ရရှိခဲ့ပြီး စရိတ်သက်သာသော အာကာသနည်းပညာတွင် အိန္ဒိယက ရှေ့ဆောင်ဖြစ်နေသည်။ ၂၀၁၄ ခုနှစ်တွင် အင်္ဂ࿿ါဂြိုဟ်ပေါ်သို့ အာကာသယာဉ် လွှတ်တင်မှုအတွက် အိန္ဒိယက ဒေါ်လာ ၇၄ သန်းသာ ကုန်ကျခဲ့ပြီး နာဆာက အင်္ဂ࿿ါဂြိုဟ် ခရီးစဉ်အတွက် သုံးစွဲခဲ့သည့် ဒေါ်လာ ၆၇၁ သန်း အစွန်းထွက်ခန့်သာ ရှိခဲ့သည်။

No comments:

Post a Comment