Monday, June 17, 2019

ဂျပန်တစ်ပတ်ရစ်ကားများ အရောင်းအဝယ် လျော့ကျ

 ရန်ကုန်ကားဈေးကွက် အတွင်း ဂျပန်တစ်ပတ်ရစ်ကား အရောင်းအဝယ် ပုံမှန်ထက် လျော့နည်းနေကြောင်း မော်တော်ယာဉ် ဝယ်၊ ရောင်းပြုလုပ်သူများနှင့် အရောင်းစင်တာ ဖွင့်လှစ်သူအချို့ ကပြောသည်။  ယခင်အရောင်းအဝယ်ပြု လုပ်နေသည့် ဂျပန်တစ်ပတ်ရစ် ကားအချို့ ဈေးကွက်အတွင်း ရှားပါးလာခြင်း၊ ကာလပေါက်ကြေး ထက် ဈေးလျှော့ရောင်းရသည့် အခြေအနေများရှိခြင်းကြောင့် အရောင်းအဝယ်လျော့နည်းနေ ခြင်းဖြစ်သည်ဟု ကားဝယ်၊ ရောင်းပြုလုပ်သူ ကိုခင်မောင်စိုးက ဇွန်လ ၁၆ ရက်တွင် ပြောသည်။



‘‘ကားရှာရတာတော့ နည်း နည်းခက်နေတာ။ ဈေးတန်း သိန်း ၁၅၀၊ ၂၀၀ နဲ့ ၃၀၀ ပတ်ချာလည် လောက်ရှိတဲ့ တိုယိုတာကားတွေ လောက်ပဲ အရောင်းအဝယ်ရှိ တယ်။ ကျန်တာ အရောင်းအဝယ် ကတော့ နည်းနည်းအေးနေတယ်’’ ဟု ၎င်းက ဆိုသည်။

ရန်ကုန်ကားဈေးကွက်အ တွင်း ကားဝယ်၊ ရောင်းလုပ်သက် ၁၀ နှစ်ကျော်ရှိ ကိုမိုက်ကယ် အောင်ကလည်း ‘‘ပေါက်ဈေးနဲ့ ရောင်းရင် မထွက်ဘူး၊ ကြာတယ်။ ဈေးလျှော့ရောင်းတဲ့အနေအထား ဆိုရင် ထွက်နေတယ်။ ဈေးကွက် ပုံမှန်မရှိတဲ့ အနေထားမျိုးဖြစ်လာ နေတယ်’’ဟု ပြောသည်။

ပြည်တွင်း၌ တပ်ဆင်ထုတ် လုပ်သည့် ကားများကို ရန်ကုန်လိုင်စင်ဖြင့်ရရှိကာ ရောင်းချရ လွယ်ကူသည့် အနေအထားများ ကြောင့် Brand New ကား အ များစုကို ရွေးချယ်နိုင်မှုများပြား လာခြင်းသည်လည်း ဂျပန်တစ် ပတ်ရစ် ကားဈေးကွက်အပေါ် သက်ရောက်မှုရှိနေကြောင်း ၎င်း က သုံးသပ်သည်။

Myint Myat Maung ကား အရောင်းစင်တာအထွေထွေ မန်နေဂျာ မနီဖြိုးဝင်းက ‘‘ဂျပန်တစ် ပတ်ရစ်ကားတွေနဲ့ Brand New တွေလည်း ထွက်တော့ ထွက်နေ တယ်ပေါ့။ သူ့ဟာနဲ့သူ အရောင်း ထွက်တယ်။ ကိုယ့်လက်ထဲမှာ ကားမစုံတော့တဲ့အခါ ရှိတဲ့ဟာ ရောင်းနေရတာပေါ့။ မနှစ်က ထက် ယှဉ်ရင်တော့ နည်းတယ်’’ ဟု ပြောသည်။

ရန်ကုန်ကားစနစ်ကို ထိန်း ချုပ်ရန် ပြည်ထောင်စုနှင့်တိုင်းဒေ သကြီးအစိုးရအကြား ဆွေးနွေး ခဲ့ပြီး မော်တော်ယာဉ်တင်သွင်းမှု ဥပဒေအရ ကားသစ်များကိုသာ ဦးစားပေးထုတ်လုပ်တင်သွင်းနိုင် ရန် ဆောင်ရွက်နေကြောင်း အစိုး ရတာဝန်ရှိသူများက ပြောကြား ထားသည်။  ရန်ကုန်ကားဈေးကွက်အ ပေါ်သက်ရောက်နိုင်သည့် YVQCစနစ်ဖြင့် ရန်ကုန်လိုင်စင်ချထား ပေးမည့်အစီအစဉ် မကြာမီစတင် အကောင်အထည်ဖော်မည်ဟု အစိုးရကပြောကြားသော်လည်း ထွက်ပေါ်လာခြင်းမရှိသေးပေ။

No comments:

Post a Comment