Monday, June 17, 2019

AA အကြမ်းဖက်သောင်းကျန်းသူများဟု မသင်္ကာဖွယ် ၂၅ ဦးအား ထိန်းသိမ်းစစ်ဆေးလျက်ရှိ

AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များသည် ရခိုင်ပြည်နယ်အတွင်း ဒေသခံပြည်သူများအသွင်ဖြင့် စိမ့်ဝင်ပုံဖျက်လှုပ်ရှားခြင်း၊ အများပြည်သူသွားလာအသုံးပြုလျက်ရှိသော လမ်းကြောင်းများပေါ်တွင် မိုင်းထောင်၊ မိုင်းခွဲခြင်းများဆောင်ရွက်လျက်ရှိသောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးနှင့် လမ်းကြောင်း လုံခြုံရေးလုပ်ငန်းများ နေ့ညမပြတ်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းရရှိသည်။



ထိုသို့ဆောင်ရွက်လျက်ရှိစဉ် ကျောက်တော်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင် ရွက်လျက်ရှိသည့် တပ်မတော်စစ်ကြောင်းသည် ဇွန် ၁၃ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် ကျောက်တော်မြို့၏ အရှေ့ဘက် မီတာ ၁၁၀၀ ခန့်အကွာရှိ ကျောက်ဆည်ပြင်ကျေးရွာ အနီးသို့ အရောက်၌ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ အင်အား ၅၀ ဦးခန့်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အသင့်စောင့်ကြိုတိုက်ခိုက်လာခဲ့သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များသည် ၁၁ နာရီ ၄၀ မိနစ်ခန့်တွင် အရှေ့ ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

တပ်မတော်စစ်ကြောင်းက AA အကြမ်းဖက်သောင်းကျန်းသူများ ဆုတ်ခွာထွက်ပြေးသွားသည့် နေရာများနှင့် ကျောက်ဆည်ပြင်ကျေးရွာအနီး လိုက်လံရှာဖွေခဲ့ရာ ကျေးရွာအတွင်း နှင့် အနီးတစ်ဝိုက်၌ ဒေသ ခံရိုးသားသည့် ရွာသူ၊ ရွာသားများနှင့်အတူ မသင်္ကာဖွယ်လူငယ် အမျိုးသား ၂၅ ဦးကို တွေ့ရှိရသောကြောင့် ကျေးရွာရှိရပ်မိ၊ ရပ်ဖများနှင့်ရွာခံများအား ပြသရာ မျက်နှာစိမ်းများဖြစ်ကြောင်း သိရှိရသဖြင့် ခေတ္တထိန်းသိမ်း ထားရှိပြီး ဇွန် ၁၄ ရက် တွင် ကျောက်တော်မြို့မရဲစခန်းသို့ လွှဲပြောင်း၍ အသေးစိတ်စစ်ဆေးမေးမြန်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment