Monday, June 17, 2019

သာသနာညိုးနွမ်းအောင်ပြုလုပ်သူနဲ့ လိမ်လည်အလှူခံသူများကို တာချီလိတ်မှာ အရေးယူ

တာချီလိတ်မြို့မှာ ဦးဇဉ်းအမည်ခံ အလှူခံနေတဲ့ ဥူးစန္ဒိမာ (ခ) စိုင်းဇော်မင်း (၄၅)နှစ် တောင်ကြီးမြို့နေသူကို တာချီလိတ် မြို့ရဲစခန်းမှာ ဇွန်လ (၉) ရက်နေ့က ရဲရေးမပိုင်သည့်ပြစ်မှုများ မှတ်ပုံတင်အမှတ် (၂၅)အရ တရားစွဲဆိုထားရကြောင်းသိရပါတယ်။

ဖြစ်စဉ်နဲ့ပတ်သတ်ပြီး ခရိုင်သာသနာရေးမှူးက ``သူကမနှစ်တုန်းက သူကိုဒီနားမှာပဲ အရက်သောက်လိုက် မူးလိုက် သင်္ကန်းပတ်လိုက် ချွတ်လိုက်လုပ် နေတာတွေ့လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ပြည်သူ့စစ်အဖွဲ့တွေနဲ့ ဝန်ထမ်းကုန်းကျောင်းတိုက် ကိုခေါ်ပြီး ကျောင်းမှာပဲ ပြည်နယ်သာသနာရေးမှူး နဲ့သာသနာရေးကအဖွဲ့စုံနဲ့ ရဲကိုခေါ်ပြီး လူဝတ်လဲပြီး တရားဥပဒေအရတိုင်ပင်လိုက်တာ အဲဒီတုန်းက ထောင်ဒဏ် (၈)လချမှတ်လိုက်တယ် ထောင်ဒဏ် ကျပြီးလို့ ဒီနှစ်တစ်ခါ သင်္ကန်းဝတ်ပြီး ဒီကျောင်းနားတွေ့တော့ အရင်နှစ်ကလိုမျိုး အလှူခံပြီးတော့ တွေ့တဲ့အခါမျိုးကျတော့ သူ့ကို ဇွန်လ(၄)ရက်နေ့က ကျောင်းကိုခေါ်ပြီး သူ့ကို သင်္ကန်းဝတ်နဲ့ မတွေ့ပါစေနဲ့ လူဝတ်နဲ့လဲမတွေ့ပါစေနဲ့လို့ ဝန်ခံကတိထိုးပြီး နယ်နှင်ဒဏ်ပေးလိုက်ပါတယ်။ သူ့ကိုစစ်တုန်းက ရဟန်းမဟုတ်ဘူး ရဟန်းလို့တော့ ပြောတယ် သူ့မိန်းမနဲ့သားသမီးက လာအိုဘက် မှာရှိတယ် နယ်နှင်ဒဏ်ပေးတုန်းက ဆရာတော်ကလည်း ခရီးစရိတ်တွေပေးလိုက်သေးတယ် ပိုက်ဆံယူပြီး မသွားပဲနဲ့ ဇွန်လ (၆)ရက်နေ့ကိုတွေ့တယ် ဒီကျောင်းနားက မုန့်ဟင်းခါးဆိုင်မှာ ဘောင်းဘီဝတ်ပြီး လာစားလိုက် အောက်ကဘောင်းဘီဝတ်ပြီး နောက်ရက်ကျတော့ အပေါ်က သင်္ကန်းနဲ့ လာစားလိုက် လုပ်နေတာ ကျွန်တော်တွေ့တော့ လိုက်ကြည့်တော့ မျက်ခြေပျက်သွားတယ် (၈)ရက်နေ့မှာ ကျွန်တော်နဲ့ မဟာမြတ်မုနိဘုရားမှားတွေ့တယ် တွေ့တော့ အရှင်ဘုရား ဘယ်ကလာတာလဲ အရှင်ဘုရားကို နယ်နှင်ဒဏ်ပေးထားတာလေလို့ပြောတော့ သူကပြေးမလို့လုပ်နေတာ မပြေးပါနဲ့ အရှင်ဘုရားစရိတ်မရှိရင် တပည့်တော် ပေးပမယ်လို့ပြောပြီး နဂါးနှစ်ကောင်ကျောင်း သွားပမယ်လို့ ချော့ခေါ်တာ သူသိတယ် ဟိုလို ဒီလိုနဲ့ လှစ်ခနဲ့ပြေးသွားတယ် ပြေးသွားတော့ ရဲရယ်၊ ကျွန်တော် တပည့်တွေနဲ့ ဆရာတော်ကို ဖုန်းဆက်တယ် ကျွန်တော်တပည့်တွေက ရုံးကလာတော့ စိန်ဂျူးကျောင်းနားမှာတွေ့တယ် အဲဒီကနေ စသုံးလုံးဘက်ကို သွားတယ် သူကထောက်လှမ်းရေး ကဆိုပြီး ကျွန်တော်တပည့်တွေကို ပြောတယ် အဲဒီစသုံးလုံးနားမှာပဲ ဖမ်းတော့ သူ့ကိုလုရပါတယ်ဆိုပြီး အော်ပြန်ရော အော်တော့ မြဝတီဘဏ်ရှေ့နားမှာ ကျွန်တော်ရောက်လာပြီး ပြောလို့မရရင်တော့ အတင်းဝိုင်းချုပ်ဖမ်းတော့ အောက်က ဘောင်းဘီနဲ့ဖြစ်နေတယ် အဲဒီမှာရဲရောက်လာပြီး ဖမ်းခေါ်သွားပါတယ်´´ လို့ပြောပါတယ်။

ထို့အတူ ဇွန်လ(၁၄)ရက်နေ့ ညနေ(၃)နာရီအချိန်ခန့်က ဝမ်လုံးကျေးရွာ၊ မဂ္ဂင်တောရကျောင်း အတွက်ဆိုပြီး ခွင့်ပြုချက်မဲ့ အလှူခံနေတဲ့ ဒေါ်နန်းဟွမ် နှင့် ဒေါ်စန်းအေး တို့နှစ်ဦးကိုလည်း မြို့မရဲစခန်းမှာ အမှုဖွင့်ထားပါသေးတယ် ဒေါ်နန်းဟွမ် ကလည်း ၂၀၁၅ ခုနှစ်က ဘုန်းတော်ကြီးကျောင်းအတွက်ဟုဆိုကာ ခွင့်ပြုချက်မဲ့ အလှူခံခဲ့လို့ ထောင်ဒဏ်(၁)နှစ်ကျခံခဲ့ပြီး။ ၂၀၁၈ခုနှစ် မေလက ရွှေဟင်္သာကျောင်းတိုက်အတွက် အလှူခံကာ အလှူငွေရရှိတဲ့ အလှူငွေကို မိမိအကျိုးအတွက် သုံးစွဲသဖြင့် အသုံးပြုခဲ့လို့ ဆရာတော်မှ တိုင်ကြားခဲ့ပြီး သာသနာရေး အဖွဲ့ဝင်များရှေ့မှာ နောက်နောင် အလှူမခံတော့ပါဟု ဝန်ခံကတိ လက်မှတ်ရေးထိုး ထားကြောင်းသိရပါတယ်။

Image may contain: one or more people, people sitting, people standing and textအဆိုပါဖြစ်စဉ်များနဲ့ပတ်သတ်ပြီး ခရိုင်သာသနာရေးမှူးက `` ဒီမှာက နယ်စပ်လည်းဖြစ်နေတော့ ရပ်ကျေးသံဃာ့နာယက ဖွဲ့စည်းဖို့လိုပါတယ်။ ပြည်နယ်သံဃာနာယကကလည်း စာထွက်ထားတယ်။ သာ/ထိန်း(သာသနာထိန်းသိမ်းရေးအဖွဲ့)လည်း ပြန်လည်ဖွဲ့စည်းမယ်။ အရင်သာ/ထိန်း (သာသနာထိန်းသိမ်းရေးအဖွဲ့) ဥက္ကဌဆရာတော်က ပြည်နယ်သံဃာနာယက အဖွဲ့ထဲပါသွားပြီ။ လွယ်တော်ခမ်းတို့၊ ဝမ်လုံးတို့၊ လွယ်စတုံတို့ ဘာသာသာသနာကို အမြင်မတော်လို့ လုပ်ကိုင်ပေးချင်တဲ့ ဆရာတော်တွေနဲ့ပေါ့။
အစည်းအဝေးမှာတင်ပြထားတာက နေအိမ်တွေမှာ နေပြီးတော့ အလှူခံတာရှိတယ်။ တည်းခိုခန်းတွေမှာေ နပြီးတော့ အလှူခံတာတွေရှိတယ်။ နေအိမ်တွေနေလို့ ကျွန်တော်တို့ အရေးယူခဲ့တာတွေရှိတယ်။ နေအိမ်တွေမှာ တည်းခိုခန်းတွေမှာနေပြီး အလှူခံတာတွေရှိရင်၊ အဲလိုမျိုးတွေကြားရင် သံဃာနာယကအဖွဲ့၊ သာ/ထိန်းအဖွဲ့၊ သာသနာရေးအဖွဲ့တွေကို ဖုန်းနဲ့လှမ်းပြီး အကြောင်းကြားပေါ့"ဟု ပြောပါတယ်။

ယင်းကဲ့သို့ သာသနာညိုးနွမ်းစေအောင် လုပ်ဆေင်သူများကို တွေ့ရှိပါက မြို့နယ်သံဃနာယကအဖွဲ့၊ အကျိုးတော်ဆောင်ဆရာတော် 09 262323250 ၊ သာသနာတော်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ သာသနာပြုဗဟိုဆရာတော် 09 263351413 ၊ ခရိုင်သာသနာရေးမှူး 09 252093966 ၊ မြို့နယ်သာသနာရေးမှူး 09773727959 ကိုဆက်သွယ် တိုင်ကြားနိုင်ကြောင်း သိရပါတယ်။

No comments:

Post a Comment