Monday, June 17, 2019

လူနာတင်​ယာဉ်​ လမ်းဘေးသစ်ပင်ဝင်တိုက်၊ ဒဏ်ရာရ (၄)ဦးအနက် (၁) ဦး စိုးရိမ်ဒဏ်ရာရ

Image may contain: outdoorဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်နှင့် ပန်းတနော် ကြားတွင် ဇွန်လ ၁၅ ရက်နေ့က လူနာတင်ယာဉ်တစ်စီး လမ်းဘေးသစ်ပင်အား ဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရသည်။ ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့် လူနာတင်ယာဉ်သည် ပုသိမ် ဘက်မှ ရန်ကုန်ဘက်သို့မောင်းနှင်လာစဉ် လမ်းချော်ပြီး လမ်းဘေးသစ်ပင်ဝင်တိုက်မိခဲ့သဖြင့် ယာဉ်မောင်း ဦးဝင်းထိုက်မှာ စိုးရိမ်ရသည့်ဒဏ်ရာများရရှိသွားသဖြင့် ရန်ကုန် ဆေးရုံကြီးသို့ပို့ဆောင်ထားရကြောင်း ကယ်ဆယ်ရေးများထံမှသိရသည်။


အဆိုပါလူနာတင်ယာဉ်မှာ ညောင်​တုန်းမြိုနယ်​တာ​ကွေ့ ကျုံတမာ​ကျေးရွာမှ သုခုမ​မေတ္တာလူမှုဂရုဏာအသင်း၏ လူနာတင်​ယာဉ်​ဖြစ်​​ပြီး ပုသိမ်မြို့တွင်ပြုလုပ်သည့် အရပ်​ဘက်​လူမှုအဖွဲ့အစည်းများ၊ သဘာဝ​ဘေးကူညီကယ်​ဆယ်​​ရေးပရဟိတအဖွဲ့အစည်းများ၊ ​ဒေသခံများနှင့်​​တွေဆုံပွဲအခမ်းအနားအပြီးပြန်လာစဉ် ယခုလိုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်၏အရှေ့ပိုင်းမှာကြေမွသွားပြီး ယာဉ်မောင်းဖြစ်သူ ညှပ်နေသည့်အတွက် မတော်တဆဖြစ်ပွားသောယာဉ်ကို လယ်​ထွန်​စက်​၊ ကားကြီးယာဉ်​တို့အကူအညီရယူကာ ကြိုးနှင့်ဆွဲထုတ်ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်​။

ယာဉ်ပေါ်တွင် လိုက်ပါလာသူများအနက် ယာဉ်မောင်း ဖြစ်သူ ဦးဝင်ထိုက်မှာ စိုးရိမ်ဒဏ်ရာများရရှိခဲ့သည့်အတွက် ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်ခဲ့ရပြီး ဦးက​ဒေး၊ ဦးသန်းဦး နှင့် ဦး​ကျော်​ဦးလွင်​တို့ သုံးဦးမှာ မစိုးရိမ်ဒဏ်ရာများရရှိခဲ့ သည့်အတွက် ညောင်တုန်းဆေးရုံကြီးတွင် ဆေးကုသ မှုခံယူခဲ့ရကြောင်း သိရှိရသည်။

No comments:

Post a Comment