Monday, June 17, 2019

မိုဟာမက်ဆာလက် ရာသီကုန်အထိ အသင်းတွင် ဆက်နေမည်

မိုဟာမက်ဆာလက်ဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဂျူဗင်တပ်စ်အသင်းတို့ကို ပြောင်းရွှေ့နိုင်ဖို့ အခွင့်အရေးရှိခဲ့ပေမယ့် ရာသီကုန်အထိ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ခြေစွမ်းပြ အီဂျစ်တိုက်စစ်မှူး ဆာလက်ကို ခေါ်ယူချင်တဲ့ ဥရောပအသင်းအတော်များများ ရှိနေပြီး ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်စ်တို့က ပေါင်သန်း ၁၅၀ ထိပေးပြီးအမြင့်ဆုံးကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။



ဆာလက်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်လို့တော့ နည်းပြယာဂင်ကလော့ပ်က ဘုတ်အဖွဲ့ဝင်တွေနဲ့ ပြန်လည်ဆွေးနွေးလိုပြီး အသင်းရဲ့ ကြယ်ပွင့်ကစားသမားကို ဆက်လက်ထိန်းသိမ်းလိုတဲ့ သဘောမှာရှိနေပါတယ်။

လီဗာပူးအသင်းဖော် ဆာဒီယိုမာနေးကိုလည်း ဥရောပ ကလပ်အသင်းကြီးတချို့က ချိတ်ဆက်နေပေမယ့် ကစားသမားကတော့ အသင်းမှာဆက်ရှိနေဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

No comments:

Post a Comment