Monday, June 17, 2019

အမျိုးသမီး ကမ္ဘာ့ဖလားတွင် ကနေဒါနှင့်နယ်သာလန် ရှုံးထွက်အဆင့်သို့ တက်ရောက်

 ပြင်သစ်နိုင်ငံက အိမ်ရှင်အ ဖြစ်လက်ခံကျင်းပနေသော အ မျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲတွင် အုပ်စု(E)မှ ကနေဒါနှင့် နယ်သာ လန်တို့ (၁၆) သင်းအဆင့်သို့ တက်ရောက်ခဲ့သည်။ နယူးဇီလန်ကို သက်သောင့် သက်သာကစားကာ နှစ်ဂိုးပြတ် ဖြင့် အနိုင်ရပြီး ခြောက်မှတ်ရရှိ သော ကနေဒါသည် ယခုအခါ ၂၀၁၉ အတွင်း ပြိုင်ပွဲစုံ ၁၀ ပွဲ တွင် ရှုံးပွဲမရှိစံချိန် ဆက်ထိန်းနိုင် ခဲ့ပြီး တစ်ဂိုးသာခွင့်ပြုခဲ့ရသည်။



‘‘ဒါက ခမ်းနားတဲ့အသင်း ပါ။ ကစားသမားတွေအပေါ် ကျွန် တော်ယုံကြည်လို့ရနိုင်တယ်။ အ ရန်ခုံပေါ်က ကစားသမားတွေက လည်း အနိုင်ရရေးအထောက်အ ကူပေးခဲ့ပြီး ကျွန်တော်တို့အသင်း ပိုကောင်းလာပါတယ်’’ ဟု ကနေ ဒါနည်းပြ ကန်နက်ဟိန်နာမော် လာက ပြောသည်။

ကမ္ဘာ့ဖလားအုပ်စုအဆင့်မှ ကျော်လွန်ဖူးခြင်းမရှိသော နယူးဇီ လန်သည် ယခုအခါ ကမ္ဘာ့ဖလား နောက်ဆုံး ၁၄ ပွဲတွင် တစ်ပွဲမျှ အနိုင်မရခဲ့ပေ။

‘‘ကစားဖို့ တစ်ပွဲကျန်ပါသေး တယ်။ ဒီပွဲကို အနိုင်ရဖို့ကြိုးစား သွားမှာပါ’’ ဟု နယူးဇီလန်နည်းပြ တွန်ဆာမာနီက ပြောသည်။

အခြားပွဲတွင်နယ်သာလန် က ကင်မရွန်းအသင်းကို ၃-၁ ဂိုး ဖြင့်အနိုင်ရပြီး အုပ်စုဗိုလ်နေရာ ရရန် ရမှတ်တူ၊ ဂိုးကွာခြားချက် တူနေသော ကနေဒါနှင့်ယှဉ်ပြိုင်ရ မည်ဖြစ်သည်။

ယင်းပွဲတွင် နှစ်ဂိုးသွင်းခဲ့ သော တိုက်စစ်မှူးမိုင်ဒီမာ(၂၂ နှစ်)သည် နိုင်ငံတကာသွင်းဂိုး ၆၀ ဖြင့် ဥရောပထာဝရဂိုးသွင်းဘုရင် စာရင်းကို ဦးဆောင်နိုင်ခဲ့သည်။

မိုင်ဒီမာသည် နိုင်ငံတကာပွဲ ၇၇ ပွဲကစားရုံဖြင့် အသင်းဖော် တိုက်စစ်မှူးဟောင်း မာနွန်မီလစ် ၏ သွင်းဂိုးစံချိန်ကို တစ်ဂိုးအသာ ရခဲ့ပြီး ၂၀၁၆ က အသက် (၂၉) နှစ်အရွယ်တွင် နိုင်ငံတကာ ဘောလုံးသမားဘ၀မှ အနားယူခဲ့ သော မီလစ်သည် နယ်သာလန် အတွက် ၁၃၆ ပွဲကစားပြီး ၅၉ ဂိုး သွင်းယူပေးခဲ့သည်။

အမျိုးသမီးကမ္ဘာ့ဖလားပြိုင် ပွဲ (၁၆)သင်းအဆင့်သို့ အင်္ဂလန်၊ ဂျာမနီ၊ အီတလီနှင့် ပြင်သစ်တို့ လည်း တက်ရောက်ထားသည်။

No comments:

Post a Comment