Monday, June 17, 2019

YBPC နဲ့ YUPC ကုမ္မဏီပိုင်ယာဉ်တစ်စီးလျှင် တစ်နေ့ ၄၀၀၀ကျပ်နှုန်း YRTAထံပေးအပ်နေရသည့်ငွေစာရင်း တိုင်းစာရင်စစ်ချုပ်မှစစ်ဆေးရန် ကိုယ်စားလှယ်တောင်းဆို

ပြည်သူပိုင်ငွေဖြင့် လုပ်ဆောင်ထားသည့် YBPC နှင့် YUPC ကုမ္မဏီပိုင်ယာဉ်တစ်စီးလျှင် တစ်နေ့ငွေကျပ် ၄၀၀၀ နှုန်း YRTA ထံသို့ ဝန်ဆောင်ခအဖြစ်ပေးအပ်နေရသည့် ငွေစာရင်းနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်က စစ်ဆေးပေးရန် ဒဂုံမဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကတောင်းဆိုခဲ့ကြောင်းသိရသည်။



လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA)လက်အောက်၌ ယာဉ်လိုင်းပေါင်း ၁၀၀ကျော်၊ယာဉ်အစီးရေ ၆၀၀၀ကျော် ပြေးဆွဲလျှက်ရှိပြီး YRTAက ၄င်းယာဉ်အစီးရေ ၆၀၀၀ကျော်ကို ဝန်ဆောင်ခအဖြစ် တစ်စီးလျှင် နေ့စဉ် ၄၀၀၀ကျပ် ကောက်ခံလျှက်ရှိသော်လည်း YBPC နှင့် YUPC ကုမ္မဏီပိုင်ယာဉ်တစ်စီးလျှင် တစ်နေ့ငွေကျပ် ၄၀၀၀ နှုန်းကောက်ခံမှု အခြေအနေနှင့်ပတ်သက်၍ YBPC နှင့် YUPC ကုမ္မဏီသည် အများပြည်သူပိုင်ငွေဖြင့် ရင်းနှီးလုပ်ကိုင်နေခြင်းကြောင့် အရင်းရှုံး၍မရခြင်းကြောင့် မေးမြန်းခြင်းဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ဆိုသည်။

''နောက်တစ်ခါ YBPC နဲ့ YUPC ကို YRTA က ကွပ်ကဲတယ်။ကျွန်တော်မေးချင်တာကတော့ YRTA ကကွပ်ကဲတဲ့အခါမှာ ဝန်ဆောင်မှုစာရိတ် တစ်စီးကို ၄၀၀၀ကျပ်စီပေးနေရတယ်။အစီးပေါင် ၆၀၀၀ကျော်လောက်ရှိတယ်လို့ ကျွန်တော်သိရတယ်။အဲ့တော့ အဲ့ဒိ ၆၀၀၀ကျော် ကျွန်တော်စိတ်မဝင်စားဘူး။ကျွန်တော်တို့ရင်းနှီးမြုပ်နှံထားတဲ့ ဘက်စ်ကားကိုဆိုလိုတာပါ။YBPC နဲ့ YUPT မှာရှိတဲ့ ကားတွေရဲ့ ဟာလည်းပေးနေရတယ်။အဲ့တော့ ဒီYRTAကရတဲ့ တစ်နေ့တစ်စီးကိုရနေတဲ့ငွေကိုရော တိုင်းဒေသကြီးစာရင်းစစ်ချုပ်အနေနဲ့ရောစစ်ဆေးဖို့ရှိပါသလား။စည်းမျဉ်းစည်းကမ်းနဲ့ညီအောင် အဲ့ဒါလေးသိချင်ပါတယ်''ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားသည်။

ယနေ့ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် နဝမပုံမှန်အစည်းအဝေး၊ပထမနေ့တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ဆက်စပ်မေးခွန်းအနေဖြင့် မေးမြန်းခဲ့ခြင်းဖြစ်သည်။

သို့သော် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းကမူ ၄င်း YBPC နှင့် YUPC ကုမ္မဏီနှစ်ခုသည် အများပိုင်ကုမ္မဏီများဖြစ်သည့်အတွက် အများပိုင်ကုမ္မဏီများ၏ ကုမ္မဏီဥပဒေအရ ၁၉၁၄ခုနှစ် မြန်မာနိုင်ငံကုမ္မဏီများဥပဒေအရသော်လည်းကောင်း။၂၀၁၇ခုနှစ်တွင် အသစ်ပြဌာန်းခဲ့သည့် မြန်မာနိုင်ငံကုမ္မဏီများဥပဒေအရသော်လည်းကောင်း အများပိုင်ကုမ္မဏီများကို ကုမ္မဏီများကခန့်အပ်သည့် စာရင်းစစ်အဖွဲ့များကသာစစ်ရမည်ဖြစ်ကြောင်းနှင့် လိုအပ်မှသာလျှက် ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်က နိုင်ငံတော် စာရင်းစစ်ချုပ်၏ ခွင့်ပြုချက်ဖြင့်သာ စစ်ဆေးရမည်ဖြစ်သည့်အတွက် စစ်ဆေးသည့် အစီအစဉ်များသည် စနစ်တကျရှိကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ဆက်စပ်မေးခွန်းနှင့်ပတ်သက်၍ ပြန်လည်ဖြေကြားခဲ့သည်။

No comments:

Post a Comment