Monday, June 17, 2019

ရန်ကုန်မြို့စွန် ခြောက်မြို့နယ်​နှင့် မြစ်​တစ်​ဖက်​ကမ်းမြို့နယ်​များ၌သာ ဆိုင်​ကယ်​စီးခွင့်​ပြုရန်​​ဆွေး​နွေးထား

ရန်​ကုန်​စည်​ပင်​နယ်​နိမိတ်​အတွင်း မြို့တွင်း၌ ဆိုင်​ကယ်​စီးနင်းခွင့်​​ပြုမည်​မဟုတ်​ဘဲ ဆင်ခြေဖုံးမြို့စွန်ခြောက်မြို့နယ်နှင့် ရန်ကုန်မြစ်တစ်​ ဖက်​ကမ်းမြို့နယ်​များတွင်သာ ဆိုင်​ကယ်​စီးနင်းခွင့်​ပြုရန်​​ ဆွေး​နွေးထားဆဲဖြစ်​ကြောင်း ရန်ကုန်​တိုင်း​ဒေသကြီး အမှတ်​ (၂) ယာဉ်​ထိန်းရဲတပ်​ဖွဲ့ မှူးရုံးမှ ဇွန်​ ၁၆ ရက်​က သိရသည်​။ ရန်​ကုန်​စည်​ပင်​နယ်​နိမိတ်​အတွင်း ဆင်ခြေဖုံးမြို့စွန်​ ခြောက်မြို့နယ်​၌ ဆိုင်​ကယ်​စီးနင်းခွင့်​ပြုပါကလည်း စည်းကမ်းတကျသတ်​မှတ်၍ စီးနင်းခွင့်​​ ပေးမည်ဖြစ်​ပြီး သက်ဆိုင်ရာမြို့နယ်​လွှတ်​​တော်​ကိုယ်​စားလှယ်​များ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ဆွေး​နွေးမှုများလုပ်​ဆောင်​ရမည်ဖြစ်ကာ အတည်​မပြုသေးကြောင်း သိရသည်။



ဆိုင်​ကယ်​စီးနင်းခွင့်​တရားဝင်​ခွင့်​မပြုမီ ဆိုင်​ကယ်​စီးနင်းမှုကိုတွေ့ရှိပါက လိုင်​စင်​မဲ့ ဆိုင်​ကယ်​ဖြစ်​လျှင် သွင်းကုန်​ထုတ်​ကုန်​ဥပ​ဒေအရ အမြင့်​​ဆုံး​ထောင်​ဒဏ်​အထိချမှတ်​နိုင်ပြီး လိုင်​စင်​ရှိပါကလည်း ရန်​ကုန်​မြို့​တော်​စည်​ပင်​သာယာရေးဥပ​ဒေအရ ဒဏ်​​ငွေကျပ်တစ်သိန်း အထိ ဒဏ်ရိုက်အ​ရေးယူမည်​ဖြစ်​သည်။

"ရန်​ကုန်​မှာ ဆိုင်​ကယ်​စီးနင်းခွင့်​ပြုဖို့ ​ဆွေး​နွေးထားတာ​တော့ရှိတယ်​။ ဒါ​ပေမဲ့ အတည်​မဖြစ်​​သေးပါဘူး။ စည်းကမ်းတကျဖြစ်​ဖို့ အများကြီး​ဆွေး​နွေးရဦးမှာပါ။ ရန်ကုန်မြို့တွင်းမှာ​တော့ ဆိုင်​ကယ်​စီးတာခွင့်​ပြုမှာမဟုတ်​ဘူး။ မြို့စွန်​​တွေ၊ မြစ်​တစ်​ဖက်​ကမ်း​နေရာ​တွေမှာပဲ ဆိုင်​ကယ်​စီးခွင့်​ပြုဖို့ ​ဆွေး​နွေးတာပါ။ လတ်တလောခွင့်​မပြု​သေးခင်​ ဆိုင်​ကယ်​စီးနင်း ​နေတာရှိရင်​​တော့ ဖမ်းဆီးအ​ရေးယူမှာပါ"ဟု ရန်​ကုန်​တိုင်း​ဒေသကြီး အမှတ်​(၂) ယာဉ်​ ထိန်းရဲတပ်​ဖွဲ့မှူးရုံးမှ တာဝန်​ရှိသူတစ်​ဦးက ပြောဆိုသည်။

ဝိုင်ဘီအက်စ်ယာဉ်လိုင်းများမ​ပြေးဆွဲသည့် သွားလာရခက်ခဲသော မြို့စွန်​နေရာများ ဖြစ်​​သည့် မြောက်​ဥက္ကလာပ၊ သာ​ကေတ၊ ​ဒဂုံမြို့သစ်​​တောင်​ပိုင်း၊ အင်းစိန်​စသည့် မြို့အစွန်​​နေရာများ၌ ဆိုင်​ကယ်​စီးနင်းမှုများရှိ​နေ၍ တရားဝင်​စီးနင်းခွင့်​ပြုရန်​ လွှတ်​​တော်​ကိုယ်​စားလှယ်​များ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲတို့က ဆွေး​နွေးခဲ့ကြသည်။

ထို့ပြင် ဒဂုံမြို့သစ်လေးမြို့နယ်၊ လှိုင်သာယာနှင့် ရွှေပြည်သာမြို့သစ် မြို့နယ်များတွင် တိကျသည့် စည်းကမ်းသတ်မှတ်ချက်များဖြင့် ဆိုင်ကယ်စီးနင်းခွင့်ပြုပါရန် ပြည်သူ့လွှတ် တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး၌ အဆိုတင်သွင်းခဲ့ရာ ကန့်ကွက်သူများခဲ့ ကြောင်း သိရသည်။

No comments:

Post a Comment