Monday, June 17, 2019

ကိုလံဘီယာကို ရှုံးသော်လည်း ဦးခေါင်းမော့ထားရမည်ဟု မက်ဆီ ပြောကြား

ကိုပါအမေရိက ဖလားဗိုလ်လုပွဲသို့ သုံးကြိမ်ဆက် တက်ရောက်ရေး အာဂျင်တီးနား ၏ ကြိုးပမ်းမှုသည် အုပ်စု (B)အ ဖွင့်ပွဲတွင် ကိုလံဘီယာကို နှစ်ဂိုး ပြတ်ရှုံးနိမ့်မှုဖြင့် စတင်ခဲ့သည်။ မာတီနက်စ်နှင့် ဇာပါတာတို့ ၏ သွင်းဂိုးများကြောင့် ကိုလံဘီ ယာအနေဖြင့် အာဂျင်တီးနားကို ၂၀၀၇ နောက်ပိုင်း ပထမဆုံးအ ကြိမ်အနိုင်ရခဲ့သည်။ ရလဒ်က ခါးသီးကြောင်း အာဂျင်တီးနား အသင်းခေါင်း ဆောင်မက်ဆီက ပြောသည်။



‘‘ဒီပုံစံနဲ့ မစတင်ချင်ပါဘူး။ ဒါပေမဲ့ အခုတော့ ကျွန်တော်တို့ ခေါင်းမော့ထားရမှာဖြစ်ပြီး ရှေ့ ဆက်သွားရပါမယ်’’ ဟု မက်ဆီ က ပြောသည်။

‘‘ကျွန်တော်တို့ ဖိကစားနေ တုန်းမှာ သူတို့က တန်ပြန်တိုက် စစ်ကနေတစ်ဆင့် ဂိုးတွေသွင်းခဲ့ ပါတယ်’’ ဟု အာဂျင်တီးနားနည်း ပြစကာလိုနီက ပြောကြားပြီး ဘောလုံးကွင်းမျက်နှာပြင်မှာ ဆိုး ရွားကြောင်းလည်းဝေဖန်ခဲ့သည်။

ကိုပါအမေရိကဖလား (၁၅)ကြိမ်ရရှိထားသော ဥရုဂွေးပြီး လျှင် (၁၄)ကြိမ်ဖြင့် ဒုတိယအ အောင်မြင်ဆုံး အာဂျင်တီးနား သည် ၁၉၉၃ က နောက်ဆုံးဗိုလ် စွဲပြီး နောက်ဆုံးဗိုလ်လုပွဲနှစ်ကြိမ် တွင် ချီလီကို ပင်နယ်တီအဆုံး အဖြတ်ဖြင့် အရေးနိမ့်ခဲ့သည်။

‘‘အာဂျင်တီးနားကို အနိုင် မရတာကြာပြီဆိုတာ ကျွန်တော် တို့သိပါတယ်။ ကျွန်တော်တို့ ၀မ်း သာပါတယ်။ ဒါကို ကြီးမားတဲ့ ရလဒ်အဖြစ် နှစ်သက်ခံစားမှာပါ။ ဒါပေမဲ့ ပြိုင်ပွဲဆက်ကစားနေတာ ကြောင့် ခက်ခဲတဲ့ပွဲတွေအများ ကြီးရှိပါသေးတယ်’’ ဟု ပြီးခဲ့သည့် နှစ်က စီးရီးအေကလပ်အတ္တလန် တာကို ချန်ပီယံလိဂ်ပြိုင်ပွဲသို့ ပထမဆုံးအကြိမ်ပို့ဆောင်ရာတွင် လိဂ် ၂၃ ဂိုးသွင်းယူခဲ့သူ တိုက်စစ် မှူးဇာပါတာက ပြောသည်။

လာမည့်ပွဲစဉ်တွင် အာ ဂျင်တီးနားက ပါရာဂွေးနှင့်ကစား မည်ဖြစ်ပြီး ကိုလံဘီယာက ဖိတ် ခေါ်အသင်းဖြစ်သော ကာတာနှင့် ကစားမည်ဖြစ်သည်။ အိမ်ရှင်ဘရာဇီးပါဝင်သော အုပ်စု(A)ပွဲစဉ်တွင် ပီရူးနှင့် ဗင်နီ ဇွဲလားတို့ ဂိုးမရှိသရေကျခဲ့သည်။

No comments:

Post a Comment