Monday, June 17, 2019

သက်ငယ်မုဒိမ်းကျူးလွန်သူကို ထောင်ဒဏ်နှစ် ၂၀ ချမှတ်

သာယာဝတီခရိုင်၊ မိုးညို မြို့နယ်၊ ကျွန်ထိပ်ရွာတွင် ကိုလူအေးဆိုသူက အိမ်နီးချင်းဖြစ်သူ ၁၂ နှစ်အရွယ် မိန်းကလေးကို မိဘများမရှိခိုက် မုဒိမ်းကျင့်ခဲ့သဖြင့် သာယာဝတီခရိုင်တရားရုံးက ယနေ့ ဇွန်လ ၁၇ ရက်တွင် ထောင်ဒဏ် အနှစ် ၂၀ ကျခံရန် အမိန့်ချလိုက်သည်။



အဆိုပါ မိန်းကလေး၏ မိခင်က “ကျွန်မသမီးလေးကတော့ ရှက်တယ်ဆိုပြီး ကျောင်းမတက်တော့ပါဘူး။ ကျွန်မတို့လည်းရွာမှာ မနေချင်တာနဲ့ တခြားရွာကို ပြောင်းရွေ့နေပါတယ်။ အခုလို တရားရုံးက ထိုက်သင့်တဲ့ပြစ်ဒဏ် ချပေးတာ ကျေနပ်ပါတယ်။ ကျွန်မလို သမီးမွေးထားတဲ့ မိခင်တွေ ဘယ်သူ့ကိုမှ မယုံကြည်ကြပါနဲ့”ဟု ပြောကြားသည်။

ယခုနှစ် ဇန်နဝါရီလဆန်းက မိဘများဈေးရောင်းသွားချိန် ၁၂ နှစ်အရွယ်နှင့် ၇ နှစ်အရွယ် သမီးနှစ်ယောက်တည်း အိမ်တွင်ကျန်ခဲ့ရာ အိမ်နီးချင်း ဖိုးလူအေးက သမီးအကြီးကို မုဒိမ်းကျင့်ခဲ့ကြောင်း သမီးအငယ်က ပြောပြရာမှ မိုးညိုရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment