Monday, June 17, 2019

သုံးနှစ်ဆက်တိုက်အောင်ချက်အကောင်းဆုံးဖြစ်စွမ်းဆောင်ခဲ့သည့် စစ်တွေ က ကျောင်းအုပ်ဆရာကြီးကို ကျောင်းသားဟောင်းများ က ဂုဏ်ပြုဆုချီးမြှင့်

ပြီးခဲ့သည့်နှစ်က တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ရခိုင်ပြည်နယ်အတွင်း အောင်ချက်ရာခိုင်နှုန်းအကောင်းဆုံးဖြစ်ပြီး သုံးနှစ်ဆက်တိုက်အောင်ချက်အကောင်းဆုံးနေရာတွင်ရှိနေသည့် စစ်တွေမြို့ အမှတ် ၄ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးအား ကျောင်းသားဟောင်းများမှ ဇွန်လ ၁၆ ရက်နေ့တွင် ဂုဏ်ပြဆုချီးမြှင့်ခဲ့ကြသည်။ အဆိုပါဆုမှာ ရွှေစင်တစ်ကျပ်သားပါဝင်ပြီး ဆရာကြီး၏ကြိုးစားမှု၊ ကျောင်းနဲ့ကျာင်းသားများအပေါ်တွင် ကြီးကြပ်ထိန်းကျောင်းခြင်းစနစ်ကျမှုများနှင့် ယင်းသို့ ကြိုးစားသည့်ကျောင်းများ နောက်ထပ်ပေါ်ပေါက်လာစေရေန်အတွက် ရည်ရွယ်ပြီး ယခုကဲ့သို့ ဂုဏ်ပြုရခြင်းဖြစ်ကြောင်း ကျောင်သားဟောင်းများကပြောသည်။



“အခုလို ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ တခြားကျောင်းတွေကလည်း ကြိုးစားလာကြဖို့နဲ့ ကျောင်းသားမိဘတွေ အတွက်လည်း အင်အားရှိတာပေါ့နော်။ ဒီလိုမျိုးကျောင်းတွေ များများပေါ်ပေါက်ဖို့လိုအပ်တယ်။ ဒါတွေအတွက်အဓိက ရည်ရွယ်ပြီးတော့ ဒီဂုဏ်ပြပွဲအခမ်းအနားကို ပြုလုပ်ရတာဖြစ်ပါတယ်။”ဟု ကျောင်းသားဟောင်းတစ်ဦးဖြစ်သူ ဘူးသီးတောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်မြင့်ကပြောသည်။

ယင်းသို့ ဂုဏ်ပြခံရသည့်အတွက် ဝမ်းသာမိကြောင်းနှင့် အဆိုပါဂုဏ်ပြဆုမှာ သူ့အနေနှင့်ခေါင်းဆောင်တစ်ဦး ဖြစ်သည့်အတွက် ဂုဏ်ပြုခံရခြင်းသာဖြစ်သော်လည်း အားလုံးနှင့်သက်ဆိုင်သည့်ဆုသာဖြစ်ကြောင်း ကျောင်းအုပ်ဆရာကြီး ဦးဝင်းမောင်ကပြောသည်။

“ဒီကျောင်းမှာ ကျွန်တော်တာဝန်ကျနေတာ လေးနှစ်ရှိပါပြီ။ ကျွန်တော်မရောက်ခင်မှာ ဒီကျောင်းက ထင်ပေါ်သင့်သလောက် မထင်ပေါ်ခဲ့ဘူး။ ကျောင်းသားတွေလည်းကောင်းကြတယ်။ ဆရာဆရာမတွေလည်း အကုန်လုံး ဝါရင့်တွေဖြစ်တယ်။ ဘာကြောင့်မဖြစ်နိုင်တာလဲဆိုတာကို ကျွန်တော်က ဆန်းစစ်တယ်။ ပြီးတော့ ကျောင်းဆိုတဲ့ ဗဟိုဦးတည်ချက်တစ်ခုကိုထားပြီးတော့ ကြိုးစားရင်မဖြစ်နိုင်စရာအကြောင်းမရှိဘူးဆိုပြီးတော့ ဆရာဆရာမတွေကို အဲ့ဒီ Masaage ပေးတယ်။ ပြီးတော့ ကျောင်းသားတွေကိုလည်း ထိန်းကွပ်မှုတွေပြုလုပ်ပေးတာတွေပါတာပေါ့။ ကျွန်တော်က ကျောင်းအုပ်ဆိုပြီး ရုံးခန်းမှာထိုင်မနေဘူး။ စာသင်ခန်းတွေမှာ ဘယ်လိုရှိလဲဆိုတာကို အမြဲတမ်းလှည့်ပြီးတော့ ကွပ်ကဲပါတယ်။”ဟု ဆရာကြီးဦးဝင်းမောင်ကပြောသည်။

ယင်းအပြင် ရခိုင်ပြည်နယ်သည် မူးယစ်ဆေးဝါးပေါများသည့်ဒေသတစ်ခုဖြစ်ရာ ကျောင်းသားများမူပျက်မပျက်ကိုလည်း စောင့်ကြည့်ထားပြီး အတ် နိုင်ဆုံးပြုပြင်ထိန်းကျောင်းမှုများပြုလုပ်ပေးကာ ပျက်ပြားနေသည့်စာရိတ္တများ ကျန်ကျောင်းသားများကို ကူးစက်မှုမဖြစ်စေရန်အတွက် တချို့ကျောင်းသားများကိုလည်း မိဘများထံသို့အသိပေးအပ်နှံခဲ့ရမှုများရှိခဲ့ကြောင်း ဆရာကြီးကဆိုသည်။

အမှတ် ၄ အခြေခံပညာအထက်တန်းကျောင်းသည် ဆရာကြီးဦးဝင်းမောင်ကျောင်းအုပ်အဖြစ် တာဝန်ယူပြီး ၄ နှစ်အတွင်းတွင် အောင်ချက်အကောင်းဆုံး ၃ နှစ်ဆက်တိုက်ရပ်တည်နေခြင်းဖြစ်ကာ ၂၀၁၆-၁၇ ခုနှစ်တွင် တိုးတက်လာခဲ့တာဖြစ်ပြီး ၃၈ ဒသမ ၉၆ ရာခိုင်နှုန်း၊ ၂၀၁၇-၁၈ ခုနှစ်တွင် ၄၃ ဒသမ ၉၇ ရာခိုင်နှုန်း၊ ၂၀၁၈-၁၉ ခုနှစ်တွင် ၅၂ ဒသမ ၇၈ ရာခိုင်နှုန်းအထိ အောင်ချက်ရာခိုင်နှုန်းမှာ မြင့်မားလာခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment