Monday, June 17, 2019

ထိုင်းတွင် ထမင်းဟင်းရောင်းသူ ဘတ်သန်းပေါင်း ၃၀ ဖိုး ထီပေါက်

ထိုင်းနိုင်ငံမြောက်ပိုင်း နခွန်းဆ၀မ်ခရိုင်မှာ ထမင်းဆိုင်တဆိုင်က ဘတ်သန်းပေါင်း ၃၀ ဖိုးရှိ ပထမဆု ထီ ၅ စောင် ပေါက်သွားပါတယ်။ မနေ့က ထွက်သွားတဲ့ ထိုင်းအစိုးရထီ ပေါက်ဂဏန်း ပထမဆုဖြစ်တဲ့ ၁၇ ၄၀၅၅ ကို နခွမ်းဆ၀မ်ခရိုင် တာခလီမြို့နယ် ဒုန်တိမစ်ဈေးထဲမှာ ထမင်းဆိုင်ဖွင့်ထားတဲ့ နိုင်းထ၀ိ ချုတ် နဲ့ နန်းပရကျင်းတို့ မိသားစုက ၅ စောင်တိတိ ပေါက်သွားတာပါ။ အဆိုပါ ထီပေါက်သူလင်မယားမှာ သားသမီး ၃ ဦးရှိပြီး ကလေးတွေ ပညာသင်ဆဲဖြစ်လို့ အကြွေးတွေ ပတ်လည်ဝိုင်းနေကြောင်း၊ ကိုယ်ပိုင်အိမ်မရှိဘဲ နှစ်ပေါင်း ၃၀ ကျော် အိမ်ငှားပြီးနေနေရတာလို့ သတင်းထောက်ကို ပြောပါတယ်။



သူတို့ဟာ ထီကို ပုံမှန်ထိုးပြီး နံပါတ်ကိုလည်း သူတို့ကားနံပတ်ပါအောင် အမြဲထိုးခဲ့ကြောင်း၊ ထီပေါက်စဉ်ကြေညာတဲ့နေ့က ဈေးရောင်းရင်း ရေဒီယိုစုတ်လေးတလုံးဖွင့်ကာ နားထောင်နေစဉ် ရေဒီယိုက ကြေငြာတဲ့ ပထမဆုပေါက်ဂဏန်းမှာ သူတို့ထိုးထားတဲ့ ဂဏန်းဖြစ်လို့ ၀မ်းသာလွန်းတာနဲ့ ပလတ်စတိတ်အိတ်ထဲ ခပ်ထည့်နေတဲ့ ဟင်းတွေပါ ဖိတ်စင်ကုန်တယ်လို့ ထီပေါက်သူ နိုင်းထ၀ီချုတ်က သတင်းထောက်ကို ပြောပါတယ်။

အဲဒီနောက် ထီလက်မှတ်လုံခြုံရေးအတွက် ရဲစခန်းကို အမြန်ဆုံးသွားရောက် အကြော င်းကြားခဲ့ပြီး အပြန်မှာတော့ အိမ်မှာ လာပြီးကောင်းချီးပေးတဲ့ ဆွေမျိုးတွေနဲ့ ပြည့်နှက်လို့နေကြောင်း၊ သူ့အနေနဲ့ ၀မ်းသာလွန်းလို့ စကားပြောလို့ မထွက်နိုင်အောင်ဖြစ်ရ တယ်လို့ နိုင်းထ၀ီချုတ်က ပြောသွားပါတယ်

ထိုင်းထီမှာ ပထမဆု ၁ စောင်ကို ဘတ် ၆ သန်းရရှိတာဖြစ်ပြီး ၅ စောင်ပေါက်တဲ့အတွက် ဘတ်သန်းပေါင်း ၃၀ ရသွားတာပါ။

No comments:

Post a Comment