Monday, June 17, 2019

အာဆီယံထိပ်သီးဆွေးနွေးပွဲ လက်ခံကျင်းပရန် ထိုင်းအစိုးရ အသင့်ပြင်

လာမည့် သီတင်း ပတ်တွင် ကျင်းပမည့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲမတိုင်မီ ထိုင်းအစိုးရက ဒေသဆိုင်ရာ ခေါင်း ဆောင်များကို ကြိုဆိုရန် အသင့် ပြင်ဆင်နေသည်။ ဘန်ကောက်မြို့တွင် ဇွန်လ ၂၂ ရက်နှင့် ၂၃ ရက်၌ ကျင်းပမည့် (၃၄)ကြိမ်မြောက် အာဆီယံထိပ် သီးဆွေးနွေးပွဲသို့ အဖွဲ့ဝင် ၁၀ နိုင်ငံမှ ခေါင်းဆောင်အားလုံး တက်ရောက်မည် ဖြစ်ကြောင်း အာရှရေးရာဌာန ညွှန်ကြားရေး မှူးချုပ် ဆူရီယာချင်ဒါဝေါင်ဆီက ပြောကြားသည်။



ရေရှည်ဖွံ့ဖြိုးရန် ဆွေးနွေး လက်တွဲဆောင်ရွက်မှု တိုးမြှင့်ရေး ခေါင်းစဉ်ဖြင့် ထိုင်းနိုင်ငံက ယခု နှစ်အတွင်း ယင်းဒေသဆိုင်ရာ အဖွဲ့၏ ဥက္ကဋ္ဌနေရာကို တာဝန်ယူထားသည်။

 အဓိကဆွေးနွေးမည့်ကိစ္စ သည် မည်သူမျှ နောက်ကျန်မနေ စေရေး အနာဂတ်သို့ လှမ်းမျှော် ရေး ပြည်သူလူထုဗဟိုပြု အာဆီ ယံအသိုင်းအဝိုင်း တည်ဆောက် ရန်ဖြစ်သည်ဟု ၎င်းက ပြောကြား သည်။

ယခုနှစ်၏ ဒုတိယမြောက် အာဆီယံညီလာခံကို နိုဝင်ဘာ တွင် ပြုလုပ်မည်ဖြစ်ပြီး အရှေ့ အာရှညီလာခံအပါအဝင် ဆက် စပ်အစည်းအဝေးများသို့ တက် ရောက်ရန် အခြားနိုင်ငံများမှ ခေါင်းဆောင်များအား ဖိတ်ခေါ် ထားသည်။

ထိုင်းနိုင်ငံ၏ ကုန်သွယ်ရေး ဆိုင်ရာ ညှိနှိုင်းရေးဌာန ညွှန်ကြား ရေးမှူးချုပ် အူရာမွန်ဆူသာဝီး ဘွမ်က ဒေသဆိုင်ရာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ပတ် သက်၍ ယခုနှစ်အတွင်း ထပ်မံ ဆွေးနွေးမည်ဟု မျှော်လင့် ကြောင်း ပြောကြားသည်။

အာဆီယံခေါင်းဆောင်များ က ယင်းဒေသဆိုင်ရာ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးပွဲများကို ယခုနှစ်ကုန် တွင် အပြီးဆောင်ရွက်ရန် သဘောတူထားကြောင်း ၎င်းက ပြော သည်။

ယင်းအစီအစဉ်တွင် အာဆီ ယံ ၁၀ နိုင်ငံအပြင် တရုတ်၊ ဂျပန်၊တောင်ကိုရီးယား၊ အိန္ဒိယ၊ ဩစတြေးလျနှင့် နယူးဇီလန်တို့ ပါဝင်ရန် စီစဉ်ထားသော်လည်း ဈေးကွက် ဝင်ရောက်ခွင့်ဆိုင်ရာ သဘောထား မတိုက်ဆိုင်မှုများ ရှိနေသည်။

No comments:

Post a Comment