Monday, June 17, 2019

အစားအသောက်များ တည်ခင်းသည့်အမှုအတွင်း အမှားလုပ်ခဲ့ကြောင်း ဝန်ကြီးချုပ်နေတန်ညာဟု၏ဇနီး ဝန်ခံ

အစ္စရေးဝန်ကြီး ချုပ် နေတန်ညာဟု၏ဇနီး ဆာရာ က ထောင်ဒဏ် မချမှတ်ရန် သဘောတူညီချက် တစ်ရပ်ဖြင့် ထွက်ဆိုရာတွင် အစားအသောက်များ တည်ခင်းရေးမှာယူရန် အစိုးရ ရန်ပုံငွေများကို အလွဲသုံးစွဲခဲ့ခြင်း နှင့် ပတ်သက်၍ ရာဇဝတ်မှုဆိုင် ရာ အမှားလုပ်မိကြောင်း တနင်္ဂနွေနေ့က တရားရုံး၌ ထွက်ဆိုခဲ့ သည်။  ယင်းသဘောတူညီချက် အရ လိမ်လည်မှုစွဲချက်ကို မပြင်း ထန်သော ပြစ်မှုတစ်ခုအဖြစ် လျှော့ချပေးပြီး ၎င်းအနေဖြင့် အစိုးရသို့ ကန်ဒေါ်လာ ၁၂,၄၉၀ ပေးရမည်ဖြစ်ကာ ဒဏ်ငွေ ၂,၇၇၅ဒေါ်လာ ပေးဆောင်ရမည်ဖြစ် သည်။



 ဆာရာနေတန်ညာဟုသည် အစိုးရအလုပ်သမားတစ်ဦးနှင့်အ တူ စားသောက်ဆိုင်များက ပို့ပေး သော အစားအစာ ရာပေါင်းများစွာကို ပေးချေရန် အစိုးရထံမှ ကန်ဒေါ်လာတစ်သိန်းကျော် လိမ်လည်ရယူခဲ့ကြောင်း မူလစွဲချက် အရ သိရသည်။

၎င်း၏အမျိုးသားဝန်ကြီးချုပ် နေတန်ညာဟုသည်လည်း လိမ် လည်မှု၊ လာဘ်ပေးလာဘ်ယူမှု စွဲချက်များနှင့် ရင်ဆိုင်ရနိုင်ကာ အစ္စရေးအစိုးရ ရှေ့နေချုပ်က နေတန်ညာဟုကို စွဲချက်တင်ရန် ရည်ရွယ်ထားကြောင်း ဖေဖော်ဝါရီက ပြောကြားခဲ့သည်။

ဆာရာနေတန်ညာဟုသည် ယခင်ကလည်း အိမ်တော်ထိန်း ကို စော်ကားခြင်းကြောင့် အမှုဖြစ် ခဲ့ပြီး ရှုံးနိမ့်ခဲ့ခြင်း အပါအဝင် သတင်းခေါင်းကြီးပိုင်းများ၌ ဖော် ပြခံရသည်။ 

No comments:

Post a Comment