Monday, June 17, 2019

အိုလံပစ်နေ့အထိမ်းအမှတ် ခရီးရှည်မြင်းစီးအားကစားပြိုင်ပွဲ နေပြည်တော်တွင် ကျင်းပမည်

 မြင်းစီးချစ်သူ များနှင့် မြင်းစီးအားကစားဝါသနာ ရှင်များအတွက် အိုလံပစ်နေ့အ ထိမ်းအမှတ် မြန်မာနိုင်ငံမြင်းစီး အားကစားအဖွဲ့ ချုပ် (အလွတ် တန်း) ခရီးရှည်မြင်းစီးအားကစား ပြိုင်ပွဲကြီး ကျင်းပသွားမည်ဖြစ် ကြောင်းသိရသည်။ ၂၀၁၉ခုနှစ် အိုလံပစ်နေ့အ ထိမ်းအမှတ် မြန်မာနိုင်ငံမြင်းစီး အားကစားအဖွဲ့ချုပ်(အလွတ် တန်း) ခရီးရှည်မြင်းစီးအားကစား (End- urance) ပြိုင်ပွဲ ကို နေပြည် တော် Equestrian Centre တွင် ကျင်းပ ပြုလုပ်သွား မည်ဖြစ်ပြီး (၂၅) ကီလိုခန့်ကို ၁၅ကီလိုမီတာ /၁၀ကီလိုမီတာ (သို့)၁၃ ကီလိုမီ တာ/၁၂ကီလိုမီတာ အကွာအဝေး လမ်းကြောင်းနှစ်ခုဖြင့် ယှဉ်ပြိုင်ရ မည်ဖြစ်သည်။



ယင်းပြိုင်ပွဲ၌ အနယ်နယ်အ ရပ်ရပ်မှ ပြိုင်ပွဲဝင်ရန် စိတ်ဝင်စား သည့် မြင်းပိုင်ရှင်များ၊ အားကစား သမားများ၊ ၀ါသနာရှင်များ မည် သူမဆို ၀င်ရောက်ယှဉ်ပြိုင်နိုင်မည် ဖြစ်သော်လည်း အားကစားသမား များမှာ အသက်(၁၈)နှစ်အထက် အမျိုးသား၊ အမျိုးသမီး၊ ပါဝင်ယှဉ် ပြိုင်ရမည့်မြင်းမှာ အသက်(၄)နှစ် နှင့်အထက် (အထီး/မ)မရွေး ၀င် ပြိုင်နိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံ မြင်းစီးအားက စားအဖွဲ့ချုပ်အနေဖြင့် ယခုနှစ် နိုဝင် ဘာလတွင် ထိုင်းနိုင်ငံ၌ကျင်းပ မည့် ခရီးရှည်မြင်းစီးအားကစား ပြိုင်ပွဲတွင် မြန်မာပြည်အနှံ့အပြား မှ မြင်းစီးဝါသနာရှင်များပါဝင်နိုင် ရေးအတွက် ကြိုတင်ပြင်ဆင်သော အားဖြင့် အိုလံပစ်နေ့မြင်းစီးပြိုင် ပွဲ အားကျင်းပပေးခြင်းဖြစ်သည်။

ထို့ပြင် မြင်းစီးအားကစား ကဏ္ဍများစွာအနက်မှ ခရီးရှည် ပြိုင်ပွဲကို ပြည်သူလူထုအကြား ပျံ့ နှံ့စေလိုခြင်း၊ အားကစားသမား များသာမက ပြိုင်ပွဲတွင် ပါဝင်ကူ ညီအားဖြည့်ပေးကြမည့် ပုဂ္ဂိုလ် များကိုပါ အတွေ့အကြုံများ ရယူ စေလိုခြင်း စသည့် ရည်ရွယ်ချက် များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment