Monday, June 17, 2019

ကျောင်းသား ၁၀၀၀ နီးပါးတက်ရောက်နေသည့်ကျောင်းကျောင်းဆောင် ပျက်စီးမှုကြောင့် စာသင်ရန် အခက်အခဲများဖြစ်ပေါ်

ပန်းတနော်မြို့နယ်အတွင်းရှိ ကျောင်းသားကျောင်းသူ ၁၀၀၀ နီးပါးခန့်တက်ရောက်ပညာသင်ယူနေရသည့် ချောင်းကလေးကျေးရွာအထက်တန်းကျောင်းရှိ ကျောင်းဆောင် ပျက်စီးမှုများကြောင့် စာသင်ရန်အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သတင်းရသည်။ေ ချာင်းကလေးကျေးရွာ အထက်တန်းကျောင်းတွင် ကျောင်းသား ကျောင်းသူ ၉၈၈ ဦးပညာသင်ကြားလျက်ရှိပြီး ကျောင်းဆောင်၏ မျက်နှာကျက်အမိုးများပျက်စီးနေမှုကြောင့် စာသင်ရန်အခက်အခဲများဖြစ်နေကြောင်း ချောင်းကလေးကျေးရွာအထက်တန်းကျောင်း ကျောင်းအကျိုးဆောင် ကော်မတီထံမှ သိရသည်။



" ကျောင်းအကျိုး​တော်​​ဆောင်​​ကော်​မတီအ​နေနဲ့ ​ပြေရ ရင်​ ​ကျောင်းမှာလိုအပ်​​နေတာ​တွေရှိ​နေပါတယ်​ ​ကျောင်းခြံစည်းရိုး​တွေ လုပ်​ရမယ်​ ​စာသင်​​ဆောင်​ ၂​ဆောင်​မျက်​နှာကျက်​​တွေပျက်​တာပြီ​တော့အမိုး​တွေ​ပေါက်​တာ ဒါ​တွေကို နိုင်​ငံ​တော်​က ​မြန်​မြန်​​ဆောင်​ရွက်​​ပေး​စေချင်​ပါတယ်​´´ဟု ​ ချောင်းက​လေး ​ကျောင်းအကျို​တော်​​ဆောင်​ ဦးလှဆန်းက ဧရာဝတီးတိုင်းမ်​ကို​ပြောသည်​။

ချောင်းက​လေး​ကျောင်းသည်​ ကျေးရွာအုပ်​စု ၃ ခုနှင့်​ ​ကျေးရွာ​ပေါင်း ၅၀ ​ကျော်​ရှိ​ကျောင်းသားများပညာသင်​ကြားရာ​ကျောင်းတစ်​ခုဖြစ်​ပြီ နှစ်​စဉ်​ဂုဏ်​ထူရ​ကျောင်းသာများ​မွေးထုတ်​​ပေး​နိုင်​​သော​ကျောင်းလည်းဖြစ်​သည်​။

" ကျောင်းမှာ သ​ပြေ​ဆောင်​နဲ့ စံပယ်ဆောင်​က ၂၀၁၆ လောက်​ထဲက ​မျက်​နှာကျက်​​တွေမ​ကောင်း​တော့ဘူးအမိုး​တွေ​ပေါက်​ကုန်း​တော့ မိုးရွာရင်​မလုံ​တော့ဘူးပြီ​​တော့မျက်​နှာကျက်​ကလည်း မခိုင်​​တော့ဒီအ​ဆောင်​ ၂​ ဆောင်​က​  ကျောင်းသာ​တွေအတွက် စာသင်​ရတာ အခက်​ခဲအများကြီး ရှိ​နေပါတယ်​၊ ပြင်​နိုင်​ဖို့ပညာ​ရေးဌာနကိုလည်း​ ၂၀၁၈​ လောက်​ထဲကစာတင်​ထားပါတယ်​​၊ကျောင်း​ကော်​မတီ လူကြီး​တွေကလည်း ပထမ​ကျောင်း​ဆောင်​​တွေကို လှူထားတဲ့အလှူရှင်​​တွေကို အကူညီ​တောင်းထားပါတယ်​၊ ဒါမဲ့အခုချိန်​ထိမထူခြား​သေးပါဘူး'' ဟု ​​ကျောင်းအုပ်​ဆရာမကြီး​ ဒေါ်တင်​​အေးကြူးက ဧရာဝတီတိုင်းမ် ကို​ပြောသည်​။

ချောင်းကလေးစံပြကျေးရွာ အထက်တန်းကျောင်းသည် ၂၀၁၈-၂ဝ၁၉ ပညာသင်နှစ်တွင် စုစုပေါင်းဖြေဆိုသူ (၁၂၆)ဦး ရှိပြီးအောင်မြင်သူ (၁၈) ဦး နှစ်ဘာသာဂုဏ်ထူးရှင် (၂)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင်(၄)ဦးရှိပြီး မြို့နယ်အဆင့်(၁၃)ရရှိခဲ့သည်။

၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် စုစုပေါင်းဖြေဆိုသူ (၁၄၄) ဦးအနက် အောင်မြင်သူ(၃၃)ဦးရှိပြီး သုံးဘာသာဂုဏ်ထူးရှင် (၅)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၂)ဦး၊ တစ်ဘာသာဂုဏ်ထူး ရှင် (၉)ဦးရှိခဲ့ပြီး မြို့နယ်အဆင့်(၇)ရရှိခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

No comments:

Post a Comment