Monday, June 17, 2019

တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ဘီလျံနှင့်ချီတန်ဖိုးရှိသော မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများကို ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ပြောကြား

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ဘီလျံနှင့်ချီတန်ဖိုးရှိသော မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိစဉ်  (ဓာတ်ပုံ -တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)တပ်မတော်နှင့် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက ရှမ်းပြည်နယ် (အရှေ့ပိုင်း)တွင် ကာလတန်ဖိုးအားဖြင့် ဘီလျံနှင့်ချီတန်ဖိုးရှိသော မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများကို ဇွန် ၁၄ ရက်နှင့် ၁၅ ရက်တွင် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။


“မူးယစ်ဆေးက ၁၄ ရက်နေ့က ဖမ်းမိတဲ့ဟာကတော့ ကာလတန်ဖိုးအားဖြင့် ကျွန်တော်တို့ ခြောက်ဘီလျံကျော်ကျော်လောက်ရှိတယ်။ ၁၅ ရက်နေ့မှာ ထပ်ပြီးတော့ တွေ့တဲ့ဟာရှိတယ်။ ၁၅ ရက်နေ့မှာလည်း ကျွန်တော်တို့က WY ဆေးပြားက အပြား ၃၂ သိန်းလောက် တွေ့တယ်။ အပြား ၃၂ သိန်းလောက်ပေါ့။ ဘိန်းဖြူပါတယ်။ စိတ်ကြွဆေးအမှုန့်တွေပါတယ်။ အဲဒီနေ့ကမိတဲ့ဟာကျတော့ ကျွန်တော်တို့ ခုနစ်ဘီလျံကျော်ကျော်လောက်ရှိမယ်။ ခန့်မှန်းတန်ဖိုးပေါ့။ မိတဲ့နေရာနှစ်ခုစလုံးကတော့ တာချီလိတ် အနောက်ဘက်အခြမ်းက ရွာတွေပဲ” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ အနောက်ဘက်အခြမ်းရှိ ရွာများတွင် ယခုကဲ့သို့ ဘီလျံနှင့်ချီတန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းကွင်းဆက်အရ ဆက်လက်ဖမ်းဆီးမှုများကို တပ်မတော်နှင့် နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။


“ပူနားကိုတို့၊ မယ်ကြုတ်တို့။ ၁၄ ရက်ကတော့ ကျွန်တော်တို့ ပူနားကို၊ မယ်ကြုတ်၊ ရေပူစမ်းပေါ့။ တာချီလိတ်အနောက်ခြမ်း အဲဒီမှာမိတယ်။ ၁၅ ရက်နေ့ကတော့ ကျွန်တော်တို့ ပူနားကိုရယ်၊ မယ်ကြုတ် (၁) တို့၊ မယ်ကြုတ် (၃)တို့ အဲဒီနားတွေမှာမိတာပါ။ အဓိက ကတော့ ကျွန်တော်တို့ လက်နက်တွေတော့မိလိုက်တယ်။ လက်နက်ကိုင်အဖွဲ့တွေ ပါဝင်တယ်၊ မပါဝင်တယ်ကတော့ တပ်အပ်စွပ်စွဲလို့တော့ မရသေးဘူး။ ဒါနဲ့ပတ်သက်လို့တော့ ကျွန်တော်တို့ နယ်မြေခံသတင်းတပ်ဖွဲ့တွေရော၊ တပ်မတော်ရော၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရော ပူးပေါင်းဆောင်ရွက်ပါလိမ့်မယ်။ သူတို့ ပူးပေါင်းဆောင်ရွက်ပြီး ရတဲ့သတင်းတွေရလာ ပါလိမ့်မယ်။ သူကတော့ သတင်းဆက်တွေရရင်တော့ အကုန်လုံးပူးပေါင်းပြီး ဆက်လက်ဆောင်ရွက်သွားမှာပါ” ဟု ゞင်းက ဆိုသည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း)တွင် မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိမှုဖြစ်စဉ်နှင့် ပတ်သက်၍ မိုင်းဆတ်မြို့နယ်နှင့် တာချီလိတ်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဇွန် ၁၄ ရက် နံနက် ၆ နာရီခန့်တွင် မိုင်းဆတ်မြို့နယ်၊ ပူနားကိုကျေးရွာမှ မိုင်းခုတ်ကျေးရွာသို့ အထွက်နေရာ၌ အိုက်(စ်) ငါးကီလိုဂရမ်ခန့်နှင့် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၄၀ဝ၀ဝ၊ ၉ မမပစ္စတိုတစ်လက်၊ ပလတ်စတစ်အိတ်ခွံ ၁၈၀ဝ အိတ်ကိုလည်းကောင်း၊ ゞင်းနေရာတစ်ဝိုက်ကို ထပ်မံရှင်းလင်းရာ ပါဂျဲရိုးအမျိုးအစား ပိုင်ရှင်မဲ့ မော်တော်ယာဉ်တစ်စီးပေါ်မှ ဝင်ချက်စတာတစ်လုံးထိုး သေနတ်တစ်လက်၊ အမ်-၂၂ သေနတ်တစ်လက်၊ ပွိုင့် -၂၂ သေနတ် (စနိုက်ပါမှန်ပြောင်းပါ) တစ်လက်၊ အမ် -၂၂ ကျည်အိမ်နှစ်ခု၊ အမ် -၂၂ ကျည် ၂၂၇ တောင့်၊ ဝင်ချက်စတာကျည် ၁၃ တောင့်၊ ၉၉၉ တံဆိပ်ပါ တံဆိပ်တုံး အဝိုင်းအသေးတစ်ခု၊ အကြီးတစ်ခု၊ ပန်းသီးတံဆိပ်ပါ တံဆိပ်တုံးအဝိုင်းတစ်ခု၊ မြင်းပျံတံဆိပ်ပါ တံဆိပ်တုံးအဝိုင်းတစ်ခု၊ OK တံဆိပ်ပါ တံဆိပ်တုံးအဝိုင်းတစ်ခု၊ No.1 တံဆိပ်တုံးအဝိုင်းတစ်ခု၊ No.2 တံဆိပ်တုံး အဝိုင်းတစ်ခု သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဇွန် ၁၅ ရက်တွင် သတင်းထုတ်ပြန်သည်။

ထို့ပြင် ဇွန် ၁၄ ရက် ညနေ ၅ နာရီခွဲခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မိုင်းဆတ်မြို့နယ်၊ အာဆော့ပေါ်မိုးကျေးရွာအနီး တောင်ယာအနီးသို့ရောက်ရှိစဉ် မြေကျင်းတူး၍ ပြန်ဖို့ထားသည့်မြေပုံကို မသင်္က࿿ာဖွယ်တွေ့ရှိခဲ့သဖြင့် တူးဖော်ရာ ဆာလာအိတ်အတွင်းမှ ပလတ်စတစ်ဖြင့်ထုပ်ထားသော WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂၆၀ဝ၀ ကိုလည်းကောင်း၊ ညနေ ၃ နာရီ ၁၅ မိနစ်ခန့်တွင် မိုင်းတွမ်းကျေးရွာအနီးရှိ ပိုင်ရှင်မဲ့ဂိုဒေါင်ကို ဝင်ရောက်ရှာဖွေရာ ဟိုက်ဒရိုကလိုရစ်အက်စစ် ၂၀ လီတာ၊ ပလတ်စတစ်ရေပုံးအကြီးတစ်လုံး၊ အလတ်နှစ်လုံး၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဖန်ပြောင်းပြွန်အကြီးတစ်ခု၊ ဆေးပြားရိုက်ရာတွင် အသုံးပြုသည့် သံမှို ၃၉ ချောင်း၊ ဆေးပြားရိုက်ရာတွင် အသုံးပြုသည့် အင်ဂျင်အစိတ်အပိုင်းနှစ်ခု၊ ရိုက်မှိုအသုံးပြုသည့်ကွင်းပြား ၂၀၊ E-M အမျိုးအစား မော်တာတစ်လုံး၊ အချင်းတစ်ပေရှိ လက်ကိုင်ကွင်းပါ ဒန်ကတော့နှစ်ခု၊ အလျားနှစ်ပေ အနံတစ်ပေခွဲရှိ လေးထောင့်စတီး လင်ပန်းသုံးချပ်၊ ပေါင်းအုပ် ၃၄ လုံး၊ ဂက်စ်အိုးနှစ်လုံး၊ အချင်းသုံးပေခန့်ရှိ ဒန်ဇလားသုံးလုံး၊ AVANZA အမျိုးအစား လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီး၊ VIGO အမျိုးအစား လိုင်စင်မဲ့ မော်တော်ယာဉ်တစ်စီးတို့ကိုလည်းကောင်း၊ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် ပူနားကို ကျေးရွာအနီးတစ်ဝိုက် ထပ်မံရှင်းလင်းရာ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၄၀ဝ၀ဝ  ကိုလည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

No comments:

Post a Comment