Monday, June 17, 2019

ရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်းလဲရန် နိုင်ဂျီးရီးယားအစိုးရကို အီးယူတိုက်တွန်း

လတ်တလောအတွင်း သမ္မတ၊ လွှတ်တော်နှင့် အုပ်ချုပ် ရေးမှူး ရွေးကောက်ပွဲများတွင် စနစ်ပိုင်းဆိုင်ရာ ချွတ်ယွင်းချက် များ ဖော်ထုတ်တွေ့ရှိပြီးနောက် ရွေးကောက်ပွဲဆိုင်ရာစနစ် ပြုပြင် ပြောင်းလဲမှုများ အရေးတကြီးစဉ်းစားရန် ဥရောပသမဂ္ဂ ရွေး ကောက်ပွဲ စောင့်ကြည့်လေ့လာ သူများက နိုင်ဂျီးရီးယားအစိုးရကို တိုက်တွန်းခဲ့သည်။ နိုင်ဂျီးရီးယား ရွေးကောက်ပွဲ များသည် လုပ်ငန်းစဉ် လည်ပတ် မှု၊ ပွင့်လင်းမြင်သာမှု၊ ရွေး ကောက်ပွဲဆိုင်ရာ လုံခြုံရေး ပြဿနာများနှင့် မဲပေးသူ နည်းပါးမှု စသော ချွတ်ယွင်းချက်များ ကြောင့် ထိခိုက်နစ်နာခဲ့ကြောင်း အီးယူမစ်ရှင်ကပြောသည်။



၂၀၁၅ က ပထမသက်တမ်း ရွေးကောက်ခံရသူ သမ္မတ မူဟမ် မာဒူဘူစာရီသည် မဲ ၅၆ ရာခိုင် နှုန်းဖြင့် ဒုတိယသက်တမ်း ရွေး ချယ်ခံခဲ့ရသည်။

သို့သော် ဘူဟာရီ၏ အနိုင် ရလဒ်ကို ပြည်သူ့ဒီမိုကရက်တစ် ပါတီ (PDP)မှ အဓိကအတိုက် အခံ အာတီကူအဘူဘာကာက စိန်ခေါ်ပြီး ရွေးကောက်ပွဲများ၌ မူမမှန်မှုများရှိကြောင်း စွပ်စွဲထား သည်။

ရွေးကောက်ပွဲများတွင် စနစ်ပိုင်းဆိုင်ရာ ချွတ်ယွင်းချက်များ တွေ့ရှိခြင်းက ရွေးကောက်ပွဲ ဆိုင်ရာ အခြေခံပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်ရန် လိုအပ် ကြောင်း ပြသနေသည်ဟု အီးယူ မစ်ရှင်၏ အပြီးသတ်အစီရင်ခံ စာတွင် ဖော်ပြသည်။

ထို့အပြင် ဂျာနယ်လစ်များ နှောင့်ယှက်ခံရကြောင်းနှင့် အမှီ အခိုကင်းကင်း လေ့လာစောင့် ကြည့်သူအချို့လည်း ၎င်းတို့၏ တာဝန်များ ထမ်းဆောင်ခြင်းမှ တားမြစ်ခံရကြောင်း ယင်းအစီရင်ခံစာက ဖော်ပြခဲ့သည်။

အာဖရိကတိုက်၏ လူဦးရေ အထူထပ်ဆုံး နိုင်ဂျီးရီးယားနိုင်ငံ တွင် ရွေးကောက်ပွဲဆိုင်ရာ မသ မာမှုများနှင့် အကြမ်းဖက်မှုများ ဖြစ်ပွားလေ့ရှိသော အစဉ်အလာ ရှိသည်။ 

No comments:

Post a Comment