Monday, June 17, 2019

လီဗာပူးနည်းပြ ဆောက်သမ်တန် ဂိုးသမားကို မျက်စိကျနေ

အသင်းကထွက်ခွာနိုင်ခြေရှိနေတဲ့ ဆိုင်မွန်မင်နိုလက်နေရာမှာ အစားထိုးဖို့အတွက် လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ဆောက်သမ်တန်အသင်းရဲ့ အင်္ဂလန်ဂိုးသမား  အဲလက်စ်မက္ကာသီကို မျက်စိကျနေတယ်လို့ Mirror သတင်းမှာဖော်ပြပါတယ်။ အသက် ၃၁ နှစ်အရွယ် မင်နိုလက်ဟာ အသင်းကို ဘရာဇီးလ်ဂိုးသမား အလီဆင်ရောက်ရှိလာပြီးကတည်းက ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီကလည်း အသင်းအတွက် နှစ်ကြိမ်သာ ပွဲထွက်ခွင့်ရရှိခဲ့ပါတယ်။



ဒါကြောင့် ဒီရာသီမှာ သူဟာ အသင်းကနေထွက်ခွာဖို့ သေချာသလောက်ရှိနေတာဖြစ်ပြီး သူ့နေရာကို အစားထိုးဖို့အတွက် ကလော့ပ်က မက္ကာသီကို ချိန်ရွယ်နေတာဖြစ်ပါတယ်။

မက္ကာသီဟာ ကလော့ပ်သဘောကျတဲ့ ဂိုးသမားတယောက်ဖြစ်ပြီး အလီဆင်ကိုခေါ်ယူဖို့ ရိုးမားအသင်းနဲ့ ညှိနှိုင်းလို့ အဆင်မပြေဖြစ်နေချိန်မှာ မက္ကာသီကိုခေါ်ယူဖို့ ကြိုးစားခဲ့ဖူးပါတယ်။

နောက်ပိုင်း အသင်းနှစ်သင်းကြား ပြေလည်မှု ရရှိသွားချိန်မှသာ မက္ကာ သီကို လက်လျော့လိုက်တာဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ် မက္ကာသီဟာ မာ့ခ်ျဟု လက်ထက်မှာ ဆောက် သမ်တန်အသင်းအတွက် အထူးလက်စွမ်းပြသနိုင်ခဲ့တာကြောင့် အင်္ဂလန်လက်ရွေးစင်အဖြစ်ပါ ရွေးချယ်ခံခဲ့ရသူ ဖြစ်ပါတယ်။

သူဟာ နည်းပြသစ် ရာလက် ဟက်ဆန်ဟက်လက်ထက်အထိ  ပွဲထွက်ကစားသမားနေရာကို ဆုပ်ကိုင်ထားနိုင်ခဲ့ပေမယ့် အသင်းကို မန်စီတီးလူငယ်ဂိုးသမားဟောင်း အန်းဂတ်ဂန်း ရောက်ရှိလာပြီးချိန်မှာတော့ ပွဲထွက်ဂိုးသမားနေရာကနေ ဖယ်ရှားခံခဲ့ရပါတယ်။

လိုရစ်ကားရီးရက်စ်ကိုလည်း ဘတ်ဆီးတပ်အသင်းကို အငှားချထားတာကြောင့် မင်နိုလက်သာ အသင်းက ထွက်ခွာသွားရင် ကလော့ပ်ဟာ အရန်ဂိုးသမားတဦးကို မဖြစ်မနေခေါ်ယူရမှာဖြစ်ပြီး လီဗာပူးလ်အသင်းနဲ့ ဆောက်သမ်တန်အသင်းတို့အကြား အရင်ကလည်း ကစားသမားခေါ်ယူမှုများစွာ ပြုလုပ်ခဲ့ဖူးတာကြောင့် မက္ကာသီရဲ့ အပြောင်းအရွှေ့ဟာ အမှန်တကယ် ဖြစ်ပေါ်လာမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

No comments:

Post a Comment