Monday, June 17, 2019

နေအိမ်တွင်း သံသယဖြစ်ဖွယ် တွေ့ရှိ၍ ရဲတပ်ဖွဲ့ ရှာဖွေ၊ သမင်တကောင် ဖြစ်နေ

အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်က နေအိမ်တလုံးထဲကို မသင်္ကာစရာ လူတဦး ဝင်ရောက်နေတယ်လို့ အိမ်ရှင်တွေက ယူဆခဲ့ပေမယ့် လက်တွေ့မှာတော့ သမင် လေးတကောင်ဖြစ်နေပါတယ်။ ဒီဖြစ်ရပ်ဟာ ဇွန်လ ၆ ရက်နေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အိမ်ပိုင်ရှင်ဖြစ်သူက သူ့အိမ်ထဲကို မသင်္ကာတာကြောင့် ရဲတပ်ဖွဲ့အားဖုန်းခေါ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေက အိမ်ထဲကို ဝင်ရောက်ရှာဖွေခဲ့ပါတယ်။



ရဲတပ်ဖွဲ့ဝင်တွေရဲ့ ခန္ဓာကိုယ်မှာ တပ်ဆင်ထားတဲ့ ကင်မရာမှတ်တမ်းတွေအရ ရဲတပ်ဖွဲ့ဝင်တွေက အိမ်ထဲကလူကို ထွက်လာဖို့ အော်ဟစ်အမိန်ပေးခဲ့ပြီး အဲ့ဒီနောက်မှာတော့ အိမ်ထဲရောက်နေတာ လူမဟုတ်ဘဲ သမင်မတကောင်ဖြစ်နေတာကို မြင်တွေ့ခဲ့ရပါတယ်။

ဒီလို ငိုအားထက် ရယ်အားသန်စရာဖြစ်ရပ်မှာ ရဲတပ်ဖွဲ့ဝင်တွေက သမင်ကို အိမ်အပြင်ထွက်နိုင်ဖို့ ကူညီလမ်းပြ ပေးခဲ့ရပြီးနောက်ပိုင်းမှာတော့ သမင်လေးဟာ အိမ်အပြင်ကို အောင်မြင်စွာ ရောက်ရှိသွားခဲ့ပါတယ်။

တက္ကဆက်ပြည်နယ်မှာ မြွေတို့၊ ရှဉ့်တို့လို သတ္တဝါငယ်လေးတွေဟာ လူနေအိမ်တွေထဲ မကြာခဏရောက်ရှိလာလေ့ရှိပေမယ့် သမင်လို အကောင်ကြီးမျိုး ရောက်ရှိလာတာကတော့ ရှားပါးဖြစ်စဉ်လို့ ရဲတပ်ဖွဲ့က ပြောတဲ့အကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

No comments:

Post a Comment