Monday, June 17, 2019

အင်ဒိုနီးရှားက အမှိုက် ကုန်သေတ္တာငါးလုံးကို အမေရိကန်နိုင်ငံသို့ ပြန်လည်ပို့ဆောင်

အင်ဒိုနီးရှားအစိုးရက အမှိုက်ကုန်သေတ္တာငါးလုံးကို အမေရိကန်နိုင်ငံသို့ ပြန်လည်ပို့ ဆောင်ခဲ့ပြီး အမှိုက်ပုံအဖြစ်ခံမည် မဟုတ်ကြောင်း တာဝန်ရှိသူများ ကပြောကြားရာ အင်ဒိုနီးရှားသည် အမှိုက်များကို မူလနိုင်ငံများသို့ ပြန်လည်ပို့ဆောင်သော နောက် ဆုံး အာဆီယံနိုင်ငံဖြစ်လာသည်။  အကောက်ခွန်စာရွက်စာ တမ်းများအရ ယင်းကုန်သေတ္တာ များတွင် စာရွက်အမှိုက်များသာ ပါဝင်ရမည်ဖြစ်သော်လည်း ယင်း အစား ပုလင်းများ၊ ပလတ်စတစ် အမှိုက်များ၊ သေးခံများ အပါအ ဝင် အခြားအမှိုက်များ ထည့်ထား ကြောင်း အင်ဒိုနီးရှား သဘာဝ ပတ်ဝန်းကျင်ဝန်ကြီးဌာန ထိပ် တန်းအရာရှိ ဆာယစ်ဒ်မူဟက်ဒါ က ပြောသည်။



‘‘ဒါက ဆီလျော်မှုမရှိပါဘူး။ ကျွန်တော်တို့နိုင်ငံကို အမှိုက်ပုံ မဖြစ်ချင်ပါဘူး’’ဟု မူဟက်ဒါက ပြောသည်။

 ကနေဒါကုမ္ပဏီတစ်ခုက ပိုင်ဆိုင်သော ယင်းကုန်သေတ္တာငါးလုံးကို မတ်လနှောင်းပိုင်းက အမေရိကန်နိုင်ငံ ဆီယက်တဲလ် ပြည်နယ်မှ အင်ဒိုနီးရှား၏ ဒုတိယ အကြီးဆုံးမြို့ ဆူယာဘာယာသို့ သင်္ဘောဖြင့် ပို့ဆောင်ခဲ့ကြောင်း မူဟက်ဒါက ထပ်လောင်းပြော သည်။

လောလောဆယ်တွင် အင်ဒို နီးရှားသည် ဂျကာတာဆိပ်ကမ်း နှင့် ဘာတမ်မြို့ရှိ အခြားကုန် သေတ္တာ အမြောက်အမြားကို လည်း စစ်ဆေးနေသည်။

အိမ်နီးချင်း မလေးရှားနိုင်ငံ က တန်ပေါင်း ရာနှင့်ချီသော ပလတ်စတစ်အမှိုက်များကို မူရင်းနိုင်ငံများသို့ ပြန်ပို့မည်ဟု ပြီးခဲ့သည့်လက ကြွေးကြော်ပြီးနောက် အင်ဒိုနီးရှားသည် တင်သွင်းခဲ့ သည့် အမှိုက်များကို မူလနိုင်ငံသို့ ပြန်ပို့သော နောက်ဆုံးနိုင်ငံဖြစ် လာသည်။

ဖိလစ်ပိုင်က အမှိုက်တန်ချိန် ပေါင်းမြောက်မြားစွာကို ကနေဒါ နိုင်ငံသို့ ပြန်ပို့ရန် ညွှန်ကြားထား ရာ နှစ်နိုင်ငံကြား သံတမန်ရေး အချင်းများမှု ဖြစ်ပေါ်ခဲ့သည်။

တရုတ်သည် ကမ္ဘာတစ်ဝန်း ရှိ ပလတ်စတစ်အမှိုက်များကို နှစ် ပေါင်းများစွာ လက်ခံရာ နိုင်ငံဖြစ် ခဲ့သော်လည်း ၎င်းတို့၏ သဘာဝ ပတ်ဝန်းကျင်သန့်ရှင်းရန် ကြိုးပမ်းမှုအဖြစ် ပလတ်စတစ်အမှိုက်များကို ပြီးခဲ့သည့်နှစ်က စတင်၍ လက်မခံတော့ပေ။

No comments:

Post a Comment