Monday, June 17, 2019

တူရကီအနောက်ပိုင်းမှာ ရွေ့ ပြောင်းလုပ်သား လှေနစ်မြှုပ်မှုဖြစ်ပွား ၈ ဦး သေဆုံး

တူရကီနိုင်ငံ အနောက်ဘက် ကမ်းလွန်ပင်လယ်ပြင်မှာ ရွေ့ ပြောင်းလုပ်သားတွေ တင်ဆောင်လာတဲ့ လှေတစ်စင်း ယနေ့တနင်္လာနေ့က နစ်မြှုပ်ပြီးနောက် ၈ ဦးသေဆုံးခဲ့တယ်လို့ တူရကီနိုင်ငံပိုင် Anadolu သတင်းဌာနက ဖော်ပြသွားပြီး အခြား ၃၁ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရပါတယ်။ လက်ရှိအချိန်မှာတော့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ကမ်းခြေစောင့်တပ်တွေက ဆောင်ရွက်နေပြီး ခရီးသည်တွေကို ကယ်ဆယ်ဖို့ ကြိုးစားနေကြောင်း Anadolu သတင်းကဖော်ပြသွားပါတယ်။ ယနေ့ဇွန်လ ၁၇ ရက်နေ့က ရွေ့ ပြောင်းမိသားစုတွေ လိုက်ပါလာတဲ့ ရော်ဘာလှေဟာ မူဂလာပြည်နယ်အတွင်းရှိ ဘိုဒရွမ်ခရိုင် ကမ်းလွန်ပင်လယ်မှာ နစ်မြှုပ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။



တူရကီကမ်းခြေစောင့်တပ်က ရဟတ်ယာဉ်တစ်စင်း၊ လှေနှစ်စင်း၊ ရေငုပ်အဖွဲ့ တစ်ခုနဲ့ ကယ်ဆယ်ရေး ဆောင်ရွက်နေကြပြီး လူ ၈ ဦးအလောင်းကို တွေ့ ရှိရကြောင်းဆိုပါတယ်။ အဆိုပါရော်ဘာလှေဟာ ရွေ့ ပြောင်းလုပ်သား ၄၀ နီးပါး တင်ဆောင်လာတာပဲဖြစ်ပါတယ်။

အစောပိုင်းထုတ်ပြန်ချက်အရ ကမ်းခြေစောင့်တပ်ဖွဲ့ဟာ ရော်ဘာလှေကနေ လူ ၉ ဦး ပျောက်ဆုံးနေကြောင်းဆိုပြီး ရှာဖွေရေး ပြုလုပ်နေတယ်လို့ဆိုပါတယ်။

၂၀၁၅ ခုနှစ်က စတင်ပြီး တူရကီနိုင်ငံဟာ အရှေ့ အလယ်ပိုင်းနဲ့ အာဖရိကမှ ပဋိပက္ခနဲ့ ဆင်းရဲနွမ်းပါးမှုတွေကြောင့် ထွက်ပြေးလာတဲ့ ရွေ့ ပြောင်းတွေအတွက် အဓိက ပစ်မှတ်နိုင်ငံတစ်ခု ဖြစ်လာခဲ့ပြီး ဥရောပသမဂ္ဂနယ်မြေအတွင်း ပင်လယ်ပြင်ကတဆင့် ဝင်ရောက်ဖို့ အကောင်းဆုံး လမ်းကြောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ တူရကီအစိုးရနဲ့ ဥရောပသမဂ္ဂကြားသဘောတူညီမှု ချုပ်ဆိုခဲ့ပြီး အဆိုပါ ရွေ့ ပြောင်းများ အတားအစီးမဲ့ စီးဝင်နေမှုကို အပြင်းအထန် တိုက်ထုတ်ခဲ့တာကြောင့် လျော့နည်းသွားခဲ့တာဖြစ်ပါတယ်။

No comments:

Post a Comment