Monday, June 17, 2019

လုပ်ငန်းအချို့တွင် ဒေါ်လာဖြင့်သာပေးချေရမည်ဆိုသောကန့်သတ်ချက်များရှိနေဟု ဆို

မြန်မာနိုင်ငံအတွင်းရှိ လုပ်ငန်းအချို့တွင် ဒေါ်လာဖြင့်သာငွေပေးချေရန်ဆိုသည့်ကန့်သတ်ချက်များကို ပယ်ဖျက်ပြီး မြန်မာကျပ်ငွေနှင့် ဒေါ်လာနှစ်မျိုးပေးချေနိုင်သည့် စနစ်ကိုအသုံးပြုသင့်ကြောင်း ခရီးသွားလုပ်ငန်းရှင်အချို့နှင့်လုပ်ငန်းရှင်အချို့က တိုက်တွန်းပြောဆိုကြသည်။ လက်ရှိ ပြည်တွင်း၌ ပညာရေးဝန်ဆောင်မှုလုပ်ငန်း၊ ဟိုတယ်ကြီးများ ၊ ခရီးသွားလာရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ၊ စာမေးပွဲဝင်ကြေးများ စသည့် ကဏ္ဍအချို့တွင် မြန်မာငွေပေးချေ၍မရဘဲ ဒေါ်လာငွေသီးသန့်သာ ပေးချေနေရပြီး အချို့သော ခရီးသွားလုပ်ငန်းဆိုင်ရာဇုန်ဝင်ကြေးများသည်လည်း ဒေါ်လာဖြင့်သာ ပေးချေနေရကြောင်း သိရသည်။



“ နှစ်မျိုးလုံးသုံးလို့ရအောင်လုပ်သင့်တယ်။ဒါမှ ပြည်တွင်းကလူတွေအတွက်လည်းအဆင်ပြေမယ်။ မြန်မာငွေနဲ့ပဲ ပေးချရတာများလာရင် ဒီနိုင်ငံရောက်တာနဲ့ ငွေလဲလှယ်ကြမှာပဲ။ဒါဆို ဒေါ်လာကို ငွေလဲလှယ်ရေး လိုင်စင်ရ လုပ်ငန်းတွေကပဲ ကိုင်ဆောင်ရမယ်။ ဗဟိုဘဏ်အနေနဲ့လည်း ဈေးကွက်ကိုထိန်းညှိတဲ့အခါ ပိုအဆင်ပြေသွားလိမ့်မယ်လို့ ထင်တယ်”ဟုကိုယ်ပိုင် စီးပွားရေးလုပ်ငန်းလုပ်ဆောင်နေသူ ဦးဝင်းစိုးထွန်းက သုံးသပ်ပြောဆိုသည်။

ယင်းသို့ ဒေါ်လာအစား မြန်မာကျပ်ငွေဖြင့်သာ ကောက်ခံရေးနှင့်ပတ်သက်ပြီးခရီးသွားလုပ်ငန်းအသိုင်းအဝန်းမှ လုပ်ငန်းရှင်များ၊ဧည့်လမ်းညွှန်များက ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

“ဒေါ်လာဈေးအတက်အကျဖြစ်တဲ့အချိန်ဆို ဇုန်ဝင်ကြေး ကောက်ခံတာတွေက ခဏခဏပြောင်းလဲတာတွေ ရှိတယ်။ အဲဒါတွေကဒေါ်လာဈေးဖောင်းပွတာလည်းဖြစ်စေတယ်။ ဒါကြောင့် မြန်မာကျပ်ငွေကိုပဲသုံးသင့်တယ်” ဟု ခရီးသွားလုပ်ငန်းရှင်ဖြစ်သည့် ဦးအေးကျော်က ပြောသည်။

နိုင်ငံတကာတွင်လည်း သုံးစွဲရသည့်ကဏ္ဍအများစုတွင် ၎င်းတို့၏ ကိုယ်ပိုင်ငွေကြေးများကိုသာ အသုံးပြုလေ့ ရှိကြောင်း သိရသည်။

“ထိုင်းမှာလည်း ဘတ်၊ တရုတ်ဆို ယွမ်၊ကိုရီးယားဆို ဝမ်ပဲအဓိကသုံးကြတယ်။ အဲဒါမျိုးဖြစ်စေချင်တယ်။ အခုတော့ ပြည်တွင်းမှာ တချို့နေရာတွေ ဒေါ်လာနဲ့မပေးရတဲ့နေရာတွေရှိလာပြီ။ ဇုန်ကြေးတွေကို မြန်မာငွေနဲ့ပဲ ပေးရတာ။ ဒါဆို ကျပ်ငွေတန်ဖိုးမြင့်လာမယ်။ exchanges လိုင်စင်ရတွေပဲဒေါ်လာကိုင်ခွင့် လဲလှယ်ပေးခွင့် ရှိမယ်ဆိုရင်ကောင်းတာပေါ့။ အဲဒီလုပ်ငန်းလုပ်တဲ့သူတွေလည်း အဆင်ပြေမယ်”ဟု မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌဦးသက်လွင်တိုး က ပြောသည်။

No comments:

Post a Comment