Monday, June 17, 2019

နိုင်ငံ၏ ကောင်းကျိုး၊ ဆိုးကျိုးအားလုံးကို ဖန်တီးနိုင်ခွင့် တိုင်းရင်းသားပြည်သူများ လက်ဝယ်တွင်ရှိသင့်ဟု တပ်ချုပ်ပြော

Image may contain: 5 people, people smiling, people standing, hat and outdoorနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသောကဏ္ဍများအားလုံး တွင် ကောင်းကျိုး၊ ဆိုးကျိုးအားလုံးကို ဖန်တီးနိုင်ခွင့်သည် တိုင်းရင်းသား ပြည်သူများ၏ လက်ဝယ်တွင်ရှိခြင်းသည်သာ အကောင်းဆုံးဖြစ်ပြီး မိမိတို့၏ ဖန်တီးနိုင်ခွင့်များကို အခြားမှချုပ်ကိုင်ထားမည်ဆိုပါက တစ်နည်းအားဖြင့် လွတ်လပ်ရေး ဆုံးရှုံးသကဲ့သို့ပင်ဖြစ်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။



ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့နယ်ရှိ ရှေးဟောင်းသမိုင်း ဝင် မွေတော်ကက္ကူဘုရားသို့ ဇွန် ၁၅ ရက်က သွားရောက်ဖူးမြော်ကြည် ညိုခဲ့ပြီး အောင်ဆုဟော်ဘုံဓမ္မာရုံ၌ ဒေသခံပြည်သူများကို တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများအား ဆွေးနွေးပြောကြားရာတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

တပ်မတော်၏ အဓိကတာဝန်မှာ နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်ရန်ဖြစ်သော်လည်း ခေတ်အဆက်ဆက်တွင် နိုင်ငံတော် ကာကွယ်ရေးတာဝန်များကိုသာမက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးလုပ် ငန်းများကိုပါ ပါဝင်ကူညီဆောင်ရွက်ခဲ့ပြီး တိုင်းပြည်၏ လိုအပ်ချက်အရ တပ်မတော်အနေဖြင့်လည်း တည်ဆောက်ရေးလုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးနှင့် သက်သာ ချောင်ချိရေးလုပ်ငန်းများမှအစ နယ်ပယ်ပေါင်းစုံ တွင် ဆောင်ရွက် မှုအတွေ့အကြုံများရှိကာ ပညာရှင်များလည်းရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းမှာလည်း တိုင်းပြည်အတွက် အကျိုးရှိအောင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောဆိုသည်။

ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဗုဒ္ဓရက္ခိတ ကျောင်းတိုက်၌ ပအိုဝ်းငြိမ်းချမ်းရေးအဖွဲ့ (PNO) အသွင်ပြောင်း ပြည်သူ့စစ်ဌာနေအဖွဲ့ နာယက ဦးအောင်ခမ်းထီအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ ကျန်းမာရေးအခြေအနေများ မေးမြန်းကာ အားပေးစကားပြောကြားပြီး ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

No comments:

Post a Comment