Monday, June 17, 2019

ဟောင်ကောင်ခေါင်းဆောင် ကယ်ရီလမ်း ရာထူးမှ နုတ်ထွက်ပေးရန် ဆန္ဒပြပြည်သူများ တောင်းဆို

ဆယ်စုနှစ်များ အတွင်း အဆိုးဆုံးအကြမ်းဖက် ဆန္ဒပြပွဲများ ဖြစ်ပွားစေသော ရာဇဝတ်သားများ လွှဲပြောင်းရေး ဥပဒေကြမ်းကို ဆိုင်းငံ့ပြီး နောက်တစ်ရက် ဇွန်လ ၁၆ ရက်က ဟောင်ကောင်မြို့လယ်၌ ထောင် နှင့်ချီသော ဆန္ဒပြသူများက အနက်ရောင်အင်္ကျီများ ဝတ်ဆင်ကာ ခေါင်းဆောင် မစ္စစ်ကယ်ရီလမ်း ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုခဲ့သည်။  ဆန္ဒပြသူအချို့က အဖြူ ရောင် ဇော်မွှားပန်းများ ကိုင် ဆောင်ခဲ့စဉ် အချို့က ‘မပစ်ပါနဲ့၊ ငါတို့ဟာ ဟောင်ကောင်ပြည်သူ တွေ ဖြစ်တယ်’ဟု ရေးထားသော အောင်လံတော်များ ကိုင်ဆောင် ပြီး ယင်းသည် ရဲတပ်ဖွဲ့က ရော် ဘာကျည်ဆန်များ၊ မျက်ရည်ယို ဗုံးများဖြင့် ပစ်ခတ်ခဲ့သော ဇွန်လ ၁၂ ရက်ကဲ့သို့ အကြမ်းဖက်မှုများ ထပ်မံမဖြစ်စေရန် ကြိုးပမ်းခြင်း ဖြစ်သည်။



အရွယ်စုံပါဝင်သော ဆန္ဒပြ သူများသည် မြို့လယ်ရှိ လမ်းမ များတစ်လျှောက် အနက်ရောင် ပင်လယ်ဖြစ်ပေါ်စေပြီး ‘နုတ်ထွက်၊ နုတ်ထွက်’ဟူသော ကြွေးကြော်သံများ ပဲ့တင်ထပ်ခဲ့သည်။

ထို့အပြင် ဆန္ဒပြသူများသည် လူ ၇၀ ကျော် ဒဏ်ရာရစေခဲ့သော ဗုဒ္ဓဟူးနေ့က အကြမ်းဖက်မှုတွင် ရဲတပ်ဖွဲ့က အလွန်အကျွံ တုံ့ပြန်ခြင်းကြောင့် ဒေါသဖြစ်ပြီး ‘အနက်ရောင်ရဲတွေကိုလိုက်’ဟု ဟစ် ကြွေးခဲ့သည်။

 တရုတ်အစိုးရ ကျော ထောက်နောက်ခံပြု မစ္စစ်လမ်း သည် ရာဇဝတ်သားများအားတရားစီရင်ရန် တရုတ်ပြည်မကြီး သို့ ပေးပို့နိုင်မည့် ဥပဒေကြမ်းကို ဇွန်လ ၁၅ ရက်က အကန့်အသတ် မရှိ ဆိုင်းငံ့ခဲ့သည်။

 ယင်းဥပဒေက ဟောင် ကောင်၏ တရားဥပဒေစိုးမိုးမှုနှင့် အာရှဘဏ္ဍာရေးအချက်အချာအ ဖြစ် နိုင်ငံတကာ ကျော်ကြားမှုကို ခြိမ်းခြောက်နိုင်ကြောင်း ဝေဖန် သူများက ပြောကြားပြီး ဟောင်ကောင်သူဌေးအချို့သည် ပုဂ္ဂိုလ် ရေး ချမ်းသာကြွယ်ဝမှုများကို ပြည်ပသို့ စတင်ပြောင်းရွှေ့နေကြ သည်။

တရုတ်ဗဟိုအာဏာပိုင်များ က မစ္စစ်လမ်းကို အခိုင်အမာ ထောက်ခံကြောင်း တရုတ်ကွန်မြူ နစ်ပါတီအာဘော် ပြည်သူ့နေ့စဉ် သတင်းစာက ဇွန်လ ၁၆ ရက်တွင် ဖော်ပြခဲ့သည်။

No comments:

Post a Comment