Monday, June 17, 2019

မင်းတုန်းမြို့နယ် ပုသိမ်-မုံရွာလမ်းမပေါ်တွင်မော်တော်ယာဉ် တစ်စီးရှေ့ဘီးပေါက်၍ တိမ်းမှောက်

သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ပုသိမ်-မုံရွာလမ်းမ ကြပ်ဝကျေးရွာ အုပ်စုအနီးမိုင်တိုင်အမှတ် ၁၉၉/၅ နှင့် ၁၉၉/၆ ကြားတွင်ဥသျှစ်ပင်ဘက်မှ မင်းတုန်းမြို့ဘက်သို့ ယာဉ်မောင်း ဦးစိုးအောင်ကျော်(ခ)စိုးကြီး မကွေးမြို့နေ မောင်းနှင်လာသော (8E/----)အဖြူရောင် ခြောက်ဘီးယာဉ်သည် ဇွန်လ ၁၆ ရက်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်ခန့်တွင် ရှေ့ဘီးပေါက်၍ လမ်း၏ ယာဘက်ပေ ၂၀ ခန့်ရှိ ချောက်ထဲသို့ ထိုးကျ တိမ်းမှောက်သွားခဲ့သည်။ အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းမှာအခင်းဖြစ် နေရာတွင်ပင် သေဆုံးသွားခဲ့ပြီး ယာဉ်ပေါ် လိုက်ပါလာသူ ဦးစိုးလွင်(ယာဉ်ပိုင်ရှင်)မှာ ယာဘက်တံတောင်နှင့်ဒူးတွင်ပွန်းပဲ့ ဒဏ်ရာ(မစိုးရိမ်ရ) ရရှိပြီး မင်းတုန်းဆေးရုံသို့ ဆေးကုသမှုခံယူရန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ဒုတိယဦးစီးမှူး ဦးမျိုးမင်းထွန်းနှင့်ရဲတပ်ဖွဲ့ဝင်များမှ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment