Monday, June 17, 2019

အိန္ဒိယနိုင်ငံမှာ မိုးခေါင်ရေရှားဘေး ကြောင့် မိမိကိုအဆုံးစီရင်သူ များပြားလာနေ

အိန္ဒိယ နိုင်ငံ မှာ နေ့ အပူချိန်တွေ မြင့်တက် လာနေပါတယ်၊ မိုးခေါင်ရေရှား ရာသီရင်ဆိုင်နေရတာကြောင့် သန်းနဲ့ ချီတဲ့ လူထုတွေဟာနေအိမ်နဲ့ ဝေးရာ ရေရှိရာနေရာဒေသတွေကို သွားရောက်ေ၇၇ှာနေရပါတယ်။ အပူပိုင်းဇုန် အာရပ် ပင်လယ်နဲ့ ကပ်ရက် Maharashtra ပြည်နယ်တစ်ခုထဲမှာ ၂၀၁၈ ခုနှစ်အတွင်း လယ်သမား ၈၀၀၀ ဟာ အဆုံးစီရင်သွားကြတယ်လို့  သိရပါတယ်။ လယ်သမားတွေဟာ မိုးခေါင်ရေရှားဘေးဒုက္ခကြောင့် မိမိကိုယ်သတ်သေမှုတွေ ဟာ ပိုပြီးတိုးပွားလာနေတာတွေ့ ရပါတယ်။



တနှစ်ကို လယ်သမား ၁၄၀၀၀၀ (တစ်သိန်းလေးသောင်း) မိမိကိုယ်အဆုံးစီရင်နေကြတယ်လို့  Farmers' suicides in India စာတမ်းမှာဖေါ်ပြထားရာမှာ (၂၄နာရီကို ၁၀ဦး မိမိကိုယ်သတ်သေနေ )အဓိကပြသနာဟာ ရာသီဥတုဖေါက်ပြန်လာမှု ကနေ လယ်ယာစိုက်ပျိုးရေး အဆင်မပြေရာက ကြွေးတင် မိသားစုစားဝတ်နေရေး ပြသနာတက် လာပြီး ခုလို အဆုံးစီရင်နေကြတာလို့  သိရပါတယ်။

No comments:

Post a Comment