Monday, June 17, 2019

ရခိုင်စစ်ဘေးရှောင်များအတွက် ခိုင်မာသည့်တဲအိမ်များ အချိန်မီ ဆောက်လုပ်ပေးရန် လိုအပ်နေ

မိုးရာသီရောက်လာပြီ ဖြစ်၍ ရခိုင်ပြည်နယ်ရှိ စစ်ဘေး ရှောင်စခန်းများတွင် ခိုလှုံနေရ သည့် ဒုက္ခသည်များအတွက် ခိုင်မာသည့် တဲအိမ်များ အရေးပေါ် ဆောက်လုပ်ပေးရန် လိုအပ်နေ ကြောင်း ကူညီရေးအဖွဲ့များနှင့်  လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။  ရခိုင်ပြည်နယ်ရှိ စစ်ဘေး ရှောင်ဒုက္ခသည်စခန်းအများစု သည် လယ်ကွင်းပြင်တွင် တာလ ပတ်မိုး၊ တာလပတ်ကာပြီး ဝါး တိုင်များဖြင့် ခနော်ခနဲ့ ဆောက် လုပ်ထားသည့် တဲများဖြစ်သဖြင့်မိုးရာသီတွင် အဆင်မပြေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ဥက္ကဋ္ဌ ဦးရွှေဘော်စိန်က ပြောသည်။



‘‘လယ်ကွင်းပြင်မှာ အောက် က တုံးလေးတစ်တုံးခုပြီးတော့ အထက်က ဝါးခင်းထားတယ်။ အ ခင်းနဲ့မြေနဲ့က တစ်ထွာလောက်ပဲ ရှိတယ်။ မိုးကြီးလာရင် နေစရာ မရှိ၊ ထမင်းချက်စရာမရှိ၊ အိပ်စ ရာမရှိ ဖြစ်လာမယ်’’ဟု ၎င်းက ဆိုသည်။

၂၀၁၈ နှစ်ကုန်ပိုင်းကတည်း က ဖြစ်ပွားခဲ့သည့် တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)တို့အကြား စစ်ရေးပဋိပက္ခများ ကြောင့် ဒေသခံငါးသောင်းကျော် နေရပ်စွန့်ခွာတိမ်းရှောင်ကာ ဒုက္ခ သည်စခန်းများတွင် ခိုလှုံနေရ ကြောင်း ကူညီရေးအဖွဲ့များက ပြောသည်။

ရခိုင်ပြည်နယ် ကျောက် တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီး တောင်မြို့နယ်တို့တွင် စစ်ဘေး ရှောင်စခန်း ၈၀ ကျော်အထိရှိနေ ပြီး စခန်းသုံး၊ လေးခုကိုသာ ဓနိမိုး၊ ဝါးထရံများဖြင့် ပြုလုပ်ထား ကာ ကျန်စခန်းများ တာလပတ်မိုး၊ တာလပတ်ကာတဲများ ဖြစ်ကြောင်းဦးရွှေဘော်စိန်က ပြောသည်။

‘‘တဲတွေကို စနစ်တကျ မ ဆောက်ရင် စခန်းမှာ နေတဲ့ ဒုက္ခ သည်တွေက မိုးတွင်းတော်တော် ဒုက္ခရောက်ကြမှာ’’ဟု ၎င်းက ဆို သည်။

တာလပတ်မိုး၊ တာလပတ် ကာတဲများတွင် နေရသဖြင့် ဒုက္ခသည်များသည် မိုးတွင်း၌အခက် ကြုံ ရမည့်အပြင် ကျန်းမာရေး လည်း ထိခိုက်နိုင်သဖြင့် ဓနိမိုး၊ ဝါးထရံကာတဲအိမ်များ အချိန်မီဆောက်လုပ်ပေးရန် လိုအပ်ကြောင်း မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

‘‘အစိုးရအဖွဲ့ကလည်း လုပ် ပေးဖို့ လွှတ်တော်မှာ ပြောသွားပေ မယ့်လည်း ဒီနေ့အထိ အကောင် အထည်မဖော်သေးဘူး။ အစိုးရ အဖွဲ့က ကတိခံထားတဲ့အတိုင်း မိုးဦးကျမှာ အချိန်မီ ဒုက္ခသည် စခန်းကို အမိုးအကာအောက်မှာ လုံလုံခြုံခြုံထားပေးဖို့ လိုပါတယ်’’ ဟု ၎င်းက တောင်းဆိုသည်။

ဒုက္ခသည်စခန်းများတွင် နေ ထိုင်ကြသည့် စစ်ဘေးရှောင်များ သည် မိုးတွင်းကာလ၌ သွေးလွန် တုပ်ကွေးနှင့် ဝမ်းရောဂါများဖြစ် လာနိုင်သဖြင့် ကြိုတင်ကာကွယ် ခြင်း၊ ဆေးကုသပေးခြင်းတို့ကို လည်း လုပ်ဆောင်ပေးရန် လိုအပ် ကြောင်း ဦးထွန်းသာစိန်က ဆို သည်။

ထို့အပြင် စစ်ဘေးရှောင် စခန်းများသို့ ရောက်နေသည့် ကျောင်းနေအရွယ် ကလေးများ အား နီးစပ်ရာ စာသင်ကျောင်းများ တွင် ကျောင်းတက်နိုင်ရေး စီစဉ် ပေးရန်နှင့် ထိုသို့အဆင်မပြေပါက ဒုက္ခသည်စခန်း၌ ယာယီဆောင် များပြုလုပ်ကာ စာသင်ကြားပေး ရန် ၎င်းက တောင်းဆိုသည်။  စစ်ဘေးရှောင်စခန်းတွင် ခို လှုံနေရသူများသည် အခြေအနေ တည်ငြိမ်မှုမရှိသေးသဖြင့် နေရပ် မပြန်ရဲသေးပေ။ မြောက်ဦးမြို့ နယ် တိမ်ညိုဒုက္ခသည်စခန်းတွင် ခိုလှုံနေရသည့် အောက်သကန် ကျေးရွာမှ ဦးလပြည့်အောင်က လည်း စစ်ဘေးရှောင်ကလေးများ စာသင်နိုင်ရေး စီစဉ်ပေးရန် တောင်းဆိုသည်။

No comments:

Post a Comment