Monday, June 17, 2019

ဘင်္ဂလားဒေ့ရှ် ရဲအရာရှိတဦးကို ၀တ္တရားပေါ့လျော့မှုနဲ့ အရေးယူ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အကြီးတန်းရဲအရာရှိတစ်ဦးကို လူသတ်မှုတစ်ခု စစ်ဆေးရာမှာ ၀တ္တရားပေါ့လျော့မှုနဲ့ ဖမ်းဆီးအရေးယူခံခဲ့ရပါတယ်။ ကျောင်းသူလေးတဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရတဲ့အမှုနဲ့ပတ်သက်ပြီး အရေးယူခံခဲ့ရတာပါ။ ပြီးခဲ့တဲ့မတ်လက ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းက အစ္စလာမ်ကျမ်းစာသင်ကျောင်း တကျောင်းမှာ ရာဖီအမည်ရှိ ဆယ်ကျော်သက်ကျောင်းသူလေးတဦးကို ကျောင်းအုပ်ဖြစ်သူက အဓမ္မပြုကျင့်ခဲ့ပါတယ်။ ရာဖီက ရဲစခန်းကို သွားရောက်တိုင်ကြား အမှုဖွင့်ခဲ့ပါတယ်။
အဲဒီနောက် ကျောင်းအုပ်က ရာဇီကို ကျောင်းအပေါ်ထပ် ဖျားယောင်းခေါ်ဆောင်သွားပြီး၊ တိုင်ကြားချက်ကို ရုပ်သိမ်းဖို့ ပြောဆိုခဲ့ရာမှာ ရာဖီက ငြင်းဆိုခဲ့တဲ့အတွက်၊ ရေနံဆီလောင်း၊ မီးရှို့ခံခဲ့ရလို့ ငါးရက်အကြာ ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။

အဲဒီအမှုနဲ့ပတ်သက်ပြီး ကျောင်းအုပ်အပါအ၀င် အနည်းဆုံး လူ ၁၆ ဦးကို ဖမ်းဆီးအရေးယူခဲ့တာပါ။ ဒီအမှုနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံတ၀ှမ်းမှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။ အမှုမှာ ပါဝင်သူတွေ ပြစ်မှုထင်ရှားရင် သေဒဏ်ကျခံရဖွယ်ရှိပါတယ်။ ဒါ့ပြင် ရာဖီ က အမှုတိုင်ကြားခဲ့တဲ့ ရဲအရာရှိကိုလည်း တိုင်ချက်ကို လက်ခံခဲ့ပေမဲ့၊ အရေးမကြီးတဲ့အမှုအဖြစ် ထားခဲ့တာကြောင့် တာဝန်ဝတ္တရားပေါ့လျော့မှုနဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။

No comments:

Post a Comment