Monday, June 17, 2019

The Voice Myanmar Season 2 မှာ နိုဗန်ထူးက Winner ဖြစ်.

The Voice Myanmar Season 2 သီချင်းဆိုပြိုင်ပွဲတွင် ပြိုင်ပွဲဝင် နိုဗန်ထူးက Winner ရရှိခဲ့သည်။ နောက်ဆုံးပြိုင်ပွဲကို ဇွန် ၁၆ ရက်ညက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး Rဇာနည်၏ အဖွဲ့မှ ပေါလ်အော်စတင်၊ ကျားပေါက် ၏ အဖွဲ့မှ နိုဗန်ထူး၊ ရန်ရန်ချန်း၏ အဖွဲ့မှ မယ်လိုဒီခေါင်နှင့် နီနီခင်ဇော်၏အဖွဲ့မှ ဟေဇယ်လ်တို့ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ပြိုင်ပွဲဝင်များက သီချင်းတစ်ပုဒ်စီဖြင့် ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ပြီး ဖျော်ဖြေတင်ဆက်မှု အနေဖြင့် ၎င်းတို့၏ နည်းပြများနှင့် တွဲဖက်၍ သီချင်းတစ်ပုဒ်စီသီဆိုပေးခဲ့သည်။ လေးယောက် မှ Voting အများဆုံး ပြိုင်ပွဲဝင်နှစ်ဦးကို ကြေညာပေးပြီးနောက် Winner ဆုကိုကြေညာခဲ့ခြင်းဖြစ်သည်။ The Voice Myanmar Season 2 Winner ဆုရရှိသူသည် ဆုငွေ ကျပ်သိန်း နှစ်ရာ ၊ ယူနီဗာဆယ်စတူဒီယို နှင့် တစ်ကိုယ်တော်ခွေ ထုတ်ခွင့် ရရှိမည်ဖြစ်ပြီး Ford BrandNew Everest ကားသစ်တစ်စီးလည်း ရရှိမည်ဖြစ်သည်။

No comments:

Post a Comment