Monday, June 17, 2019

အခြေခံပညာ ကျောင်းများတွင် ကျောင်းကျန်းမာရေး သင်ခန်းစာအဖြစ် ယောဂလေ့ကျင့်ခန်းကို ထည့်သွင်းမည်

အခြေခံပညာ ကျောင်းများတွင် ကျောင်းကျန်းမာရေး အနေဖြင့် ယောဂလေ့ကျင့်ခန်းကို ထည့်သွင်းသင်ကြားရန် စီစဉ်ဆောင်ရွက်နေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။ ဇွန် ၁၅ ရက်တွင် ကျရောက်သည့် ပဉ္စမအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ယောဂနေ့အဖြစ် ရန်ကုန်မြို့ သုဝဏ္ဍဍ မိုးလုံလေလုံ အမျိုးသား အားကစားရုံတွင် ကျင်းပသည့်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။



“ကျွန်တော်တို့ ကျောင်းကျန်းမာရေးနဲ့ ပတ်သက်ပြီးလုပ်မယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး ခုနစ်ချက် ဆွေးနွေးပါတယ်။ အဲဒီထဲမှာ ယောဂကို ထည့်သွင်းဖို့ ရှိပါတယ်။ ကျောင်း တွေကို ယောဂနဲ့ပတ်သက်ပြီး တတ်မြောက်ထားတဲ့ သူတွေက ဘယ်လိုလုပ်ရမယ် ဆိုတာမျိုး သွားပြီးသင်ကြား ပေးသင့်ပါတယ်။ ဒီလိုသင်ကြားပေးတဲ့အတွက် ကျောင်းသားတွေ စိတ်တွေ တည်ငြိမ်သွားမယ်။ ရောဂါကင်းမယ်။ မှတ်ဉာဏ်အားတွေ ကောင်းမယ်” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။ မြန်မာနိုင်ငံရှိ အခြေခံပညာ ကျောင်းများတွင် ကျောင်းသားဦးရေ ၉ ဒသမ ရသန်း ခန့်ရှိပြီး ၂၀၁၉ ပညာသင်စနစ်တွင် ကျောင်းကျန်းမာရေး အားကစားကို ထည့်သွင်းသင်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။

အခြေခံပညာသင် ကျောင်းများတွင် ပညာသင်စနစ်သစ်ကို KG နှင့် မူလတန်း ၅ နှစ်၊ အလယ်တန်း လေးနှစ်နှင့် အထက်တန်း သုံးနှစ် (KG+12) စနစ်ဖြင့် ပြောင်းလဲထားပြီး ပညာသင်ချိန်များကိုလည်း ပြောင်းလဲထားကြောင်း သိရသည်။ ယင်းပညာသင် စနစ်များတွင် ကျန်းမာရေးနှင့် အားကစား အချိန်များကို ထည့်သွင်းသင်ကြား ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment