Monday, June 17, 2019

မိုးရွာသွန်းပြီးရေတိုက်စားမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တံတားအချို့မျောပါ၊ လမ်းအချို့ပျက်စီး

Image may contain: bridge, sky, outdoor, water and natureမိုးရွာသွန်းပြီး ရေတိုက်စားမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တံတားအချို့မျောပါပျက်စီးခဲ့ကာ လမ်းအချို့ပျက်စီးခဲ့ပြီး ရေလွှဲတာဘောင်ကျိုးကျမှုလည်းဖြစ်ပေါ်ခဲ့ကြောင်းပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်က မိုးရွာသွန်းပြီးရေတိုက်စားမှုကြောင့် မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ ရွှေထီးကုန်းအုပ်စု ရွှေထီးကုန်း-နောင်စကန်သွား ဂျင်းမြေခင်းလမ်း ပေ ၁၅၀ ခန့်ပျက်စီး၊ ခဲ့ပြီး မိုင်းချောင်းအုပ်စုရှိ အရှည် ၃၀ ပေ၊ အကျယ် ၁၅ ပေ၊ အမြင့် ၁၀ ပေခန့် မိုင်းချောင်းတံတားမျောသွားခဲ့သည်။


ထို့အတူ မိုင်းချောင်းကျေးရွာရှိ အရှည် ၁၀ ပေ၊ အကျယ် ၂၂ ပေ၊ အမြင့် ၇ ပေခန့် အုတ်စီကမ်းကပ်ခုံနှင့် သံကူကွန်ကရစ်ကြမ်းခင်းတံတား ၁ ပေခန့် မြေအတွင်းနိမ့်ကျပျက်စီး၊မှုဖြစ်ပွားခဲ့ပြီး ရွာသာကျေးရွာ အတွင်းရှိ ကိုယ်ထူကိုယ်ထဆောက်လုပ်ထားသည့် အလျား ၄၀ ပေ၊ အနံ ၂၀ ပေ၊ အမြင့် ၁၅ ပေခန့် ရေလွှဲတာဘောင်ကျိုးကျ၊ခဲ့သည်။

ယင်းအပြင် အရှည် ၃၀ ပေ၊ အကျယ် ၁၈ ပေ၊ အမြင့် ၁၀ ပေခန့် ကိုယ်ထူ ကိုယ်ထသစ်သားတံတားမျောပါ၊ခဲ့ကြောင်း၊ မန်သံအုပ်စု ပေါက်ကုန်းကျေးရွာနှင့် ဗျူဟာလမ်းဆက်သွယ်ထားသော အရှည် ၁၀၀ ပေ၊ အကျယ် ၁၅ ပေ၊ အမြင့် ၆ ပေခန့် ကိုယ်ထူကိုယ်ထသစ်သား တံတားမျောပါပျက်စီး ဆုံးရှုံးခဲ့ကြောင်းပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

No comments:

Post a Comment