Sunday, June 23, 2019

တပ်မတော်ရေယာဉ်ကို AA အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်၍ စစ်သည်နှစ်ဦးကျဆုံး တပ်မတော်ထိုးစစ်ဆင်မှုများတွင် စစ်ရေယာဉ်များ ပါဝင်ဆောင်ရွက်ခြင်းကြောင့်ဟု AA ဆို

ရခိုင်ပြည်နယ် စစ်တွေမြို့အနီးရှိ ဆိပ်ကမ်းတွင်ကျောက်ချရပ် ထားသော တပ်မတော်ရေယာဉ်တစ်စီးကို ရခိုင်လက်နက် ကိုင်အဖွဲ့(AA)က ပစ်ခတ်တိုက်ခိုက်၍ စစ်သည်နှစ်ဦးကျဆုံးပြီး စစ်သည်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်း ရေးမှူး  ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောသည်။ ယမန်နေ့ နံနက် ၃ နာရီခွဲခန့်က  စစ်တွေမြို့အရှေ့ဘက်ရှိ ဆက်ရိုး ကျ ချောင်းဝတွင် ရပ်နားထားသည့် ပင်လယ်သွားတွဲဆွဲယာဉ်ကို AA ဘက်က ၁၀၇ မီလီမီတာ လျှော့တိုက်ဒုံးဖြင့်တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။



‘‘အဓိက ရည်ရွယ်ချက်က တော့ လုံခြုံရေးနဲ့ တည်ငြိမ်အေး ချမ်းရေးပျက်ပြားအောင်လုပ်တဲ့ သဘောပါပဲ။ သူက လျှော့တိုက် ပြီး လေးလုံးပစ်ဖို့လုပ်ထားတယ်။  သုံးလုံးက ပစ်နိုင်လိုက်တယ်၊တစ် လုံးကတော့ ကျန်ခဲ့တယ်။ ဆက် စပ်ပစ္စည်းတွေကျန်ခဲ့တာပေါ့’’ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက  ပြောသည်။

AA အသုံးပြုခဲ့သည့် လျှော့ တိုက်ပစ်ခတ်သော ဒုံးလက်နက် သည် ၂၀၁၅ က လောက်ကိုင်ဒေ သ၌ တိုက်ပွဲဖြစ်ပွားစဉ်ကလည်း  အသုံးပြုခဲ့သည်ကို တွေ့ရ ကြောင်း ၎င်းက ဆိုသည်။

‘‘လှုပ်ရှားမှုက စစ်တွေမြို့ ပေါ်ထိ ဖြစ်လာတဲ့သဘောရှိ တယ်။ အဲဒါကြောင့်မို့လို့ ပြည်သူ လူထုရဲ့လုံခြုံရေးနဲ့ပတ်သက်ပြီး ပိုပြီးတော့ ဂရုစိုက်ရမယ့်အခြေအ နေမျိုးဖြစ်လာတယ်’’ ဟု ဗိုလ် မှူးချုပ်ဇော်မင်းထွန်းက ပြော သည်။

တပ်မတော်ရေယာဉ်တိုက် ခိုက်မှုကို AA က ဆောင်ရွက်ခဲ့ ကြောင်း ယင်းအဖွဲ့ပြောရေးဆို ခွင့်ရှိသူ ခိုင်သုခက အတည်ပြု သည်။

‘‘ဒီရက်ပိုင်းမှာ စစ်တပ်က ထိုးစစ်တွေ ခပ်စိပ်စိပ်လုပ်လာ တာရှိတယ်။ အဲဒီထိုးစစ်တွေထဲ မှာ ရေတပ်က စစ်ရေယာဉ်တွေက  အဓိက စစ်အင်အားဖြည့်တာတွေ၊  လက်နက်အင်အားပို့တာတွေ၊ နောက်ပြီးတော့ လူရယ်၊ လက် နက်ရယ်၊ ခဲယမ်းမီးကျောက်ရယ်  အဲဒီလိုမျိုး ပို့ဆောင်တဲ့အခါမှာ ရေတပ်သင်္ဘောတွေကို အသုံးပြု ပြီး ပို့နေတာရှိတယ်။ အဲဒီလိုမျိုး စစ်မြေပြင်မှာ တာဝန်တွေထမ်း ဆောင်လာတဲ့အတွက်ကြောင့် စစ်ရဲ့သဘောသဘာဝအရ လို အပ်တဲ့ တုံ့ပြန်တိုက်ခိုက်မှုတွေကို ကျွန်တော်တို့ဘက်က လုပ်တာ ဖြစ်တယ်’’ ဟု ခိုင်သုခက ပြော သည်။ပစ်ခတ်ခံရသည့် ရေယာဉ် သည် လက်နက်တပ်ဆင်ထား သည့် ရေယာဉ် မဟုတ်ကြောင်း၊  မိုးရာသီကာလများတွင် လှိုင်း ကြီး၊ သောင်တင်ဖြစ်ပေါ်သည့်  သင်္ဘောများအတွက်နှင့် သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေး လုပ်ငန်းများ    ဆောင်ရွက်နေ သည့် ရေယာဉ်ဖြစ်ကြောင်း ဗိုလ် မှူးချုပ်ဇော်မင်းထွန်းက ပြော သည်။

တပ်မတော် ရေယာဉ်ကို AA က တိုက်ခိုက်ခြင်းသည် များ စွာ ထူးခြားမှုမရှိသော်လည်း ယ ခင်က ပစ်ခတ်မှုဖြစ်ပွားခြင်းမရှိခဲ့ သည့် စစ်တွေမြို့အနီး၌ ပစ်ခတ်မှု  ဖြစ်ပွားခြင်းသည် ထူးခြားမှုဖြစ် ကြောင်း သုသေသနအဖွဲ့ ငြိမ်း ချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျုဒ်(MIPS) အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်း ဇော်ဦးက သုံးသပ်သည်။

‘‘အခုက စစ်တွေမြို့နားမှာ ဆိုတော့ အဲဒီအပေါ်မှာ လုံခြုံရေး အရ ဆောင်ရွက်ချက်တွေ ရှိလာ နိုင်တယ်’’ ဟု ၎င်းက ဆိုသည်။

စစ်တွေမြို့ခံတစ်ဦးက ‘‘ည က လက်နက်ပစ်သံတွေ ကြား လိုက်ရတယ်။ ကျေးတောရွာဘက် မှာ ပစ်တာလို့ပြောကြတယ်။   အဲ ဒီရွာနားမှာ တပ်က နေဗီတွေရှိ တယ်။ သူတို့ဘက်ကသေတာတွေ ရှိတယ်လို့ပြောတယ်။ ကျေးတော ရွာထဲကိုလည်း လက်နက်တွေကျ တယ်လို့ပြောတယ်။ ကျွန်တော် အဲဒီဘက်ကို သွားကြည့်မလို့ ဒါ ပေမဲ့ အဲဒီမှာစစ်တပ်က လူတွေအ များကြီး ရောက်နေကြတယ်။ အဲ ဒါကြောင့် ကျွန်တော်လည်းမသွား လိုက်တော့ဘူး။ အဲဒီကျေးတော ရွာနားမှာက တပ်က အမြဲတမ်းရှိ တယ်။ ကျေးတောနဲ့ စစ်တွေမြို့ ပေါ်နဲ့က နီးနီးလေးပါ’’ ဟု ပြော သည်။ တပ်မတော်နှင့် AA တို့သည် ၂၀၁၈ နှစ်ကုန်ပိုင်းကတည်းက စ ၍ တိုက်ပွဲများ ပြင်းထန်ခဲ့ရာလက် ရှိအချိန်ထိ ရခိုင်ပြည်နယ်ရှိ မြို့ နယ်ခုနစ်ခုထက် မနည်းတွင် စစ် ရေးပဋိပက္ခများ မကြာခဏ ဖြစ် ပွားနေသည်။ ထို့အပြင်ချင်းပြည် နယ် ပလက်ဝမြို့နယ်တွင်လည်း  မကြာခဏ တိုက်ပွဲများဖြစ်ပွားနေ သည်။ လတ်တလောတွင် တပ်မ တော်နှင့် AA တို့သည် ရခိုင်ပြည် နယ် မင်းပြားမြို့နယ်နှင့် မြောက် ဦးမြို့နယ်တွင်    တိုက်ပွဲများပြင်း ထန်နေသည်။

No comments:

Post a Comment