Sunday, June 23, 2019

Food Box ယဉ်ကျေးမှု မုံရွာသို့ရောက်

မုံရွာမြို့ ဘုန်းစိုးရပ်ကွက် ဘုန်းစိုးကျောင်းတိုက်အတွင်း အ သင့်စားမုန့်များ အခမဲ့ယူဆောင် စားသောက်နိုင်မည့် Food Box ကို ပထမအကြိမ်အဖြစ် ဇွန်လ ၂၁ ရက်တွင် စားသောက်ဖွယ်ရာ ၁၅ မျိုးခန့် ထည့်သွင်းလှူဒါန်း ခဲ့ကြောင်း မွေးနေ့အလှူရှင်ကိုဖြိုး ပြည့်စုံက ပြောသည်။ ‘‘Food Box ထဲမှာ အမျိုးအ စား ၁၅ မျိုးလောက် ထည့်ဖြစ် တယ်။ ဒီနေ့လာယူတဲ့သူနဲ့ ထည့် တဲ့သူက မမျှဘူး။ ယူတဲ့သူက များနေတယ်။ အခု Food Box ထဲမှာ ပစ္စည်းပြတ်သွားလို့ ထပ် ထည့်ဖို့ လုပ်နေတယ်။ အခုအ ချိန်အထိဆိုရင် ထည့်တဲ့ပစ္စည်း က ငွေအနေနဲ့ ခြောက်သောင်း ကျော်သွားပြီ။ ဒီနေ့ မနက်ခင်းမှာ စားစရာတွေ ကိုယ့်အတွက်တင် မဟုတ်ဘူး။ ဆိုင်ကယ်တူး ဘောက်စ်နဲ့ အပြည့်ထည့်သွားတဲ့ သူ လေးဦးလောက် ရှိတယ်။ စား စရာတွေ အကြိတ်အနယ်အားရ ပါးရ လာယူတဲ့သူတွေ အများကြီး ပဲ’’ ဟု ၎င်းကပြောသည်။


Food Box အတွင်း အာလူး ကြော်၊ ဆန်ချောင်းကြော်၊ ပေါင် မုန့်၊ ကိတ်ခြောက်၊ ခေါက်ဆွဲ ခြောက်၊ ဖျော်ရည်၊ ဂျယ်လီ၊ ဧလ မုန့်၊ ငှက်ပျောသီးနှင့် သရက်သီး  စသည့် စားသောက်ဖွယ်ရာ ၁၅ မျိုးကို အ လှူရှင် ၁၇ ဦးက စုပေါင်းလှူဒါန်းပြီး နောက်ရက်များတွင် စုပေါင်းလှူဒါန်းမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

 ‘‘ကိုယ်လှူထားတဲ့ စား သောက်ဖွယ်ရာတွေ လာယူကြ တာမြင်တော့ ပီတိဖြစ်ပါတယ်။ ကိုယ်တိုင်လည်း လှူဖြစ်သလို လာလှူတဲ့သူတွေလည်း အများ ကြီး တွေ့ရတော့ အံ့သြမိတယ်။ ကိုယ်တွေလိုနယ်တွေမှာလုပ်ရင် တစ်ရက်မခံဘူးလို့ ထင်ထားတာ’’ ဟု Food Box တွင် အစားအစာ  လှူဒါန်းခဲ့သော မဝေေ၀ဦးက ဆို သည်။ ဇူလိုင် ၁ ရက်တွင် မုံရွာမြို့ ဇောင်ကြမ်းပင်ကျောင်း  အနီးတွင် အလှူရှင်တစ်ဦး ဦးဆောင်၍ အသင့်စားမုန့်များ အခမဲ့ယူဆောင်စားသောက်နိုင်မည့် Food Box တစ်ခု ထားရှိရန် စီစဉ်နေကြောင်း ကိုဖြိုးပြည့်စုံက  ပြောကြားသည်။

No comments:

Post a Comment