Sunday, June 23, 2019

ရပ်စောက်တွင် အလေ့ကျမှိုစားမိသော ကိုရင်သုံးပါး ပျံလွန်

ရပ်စောက်မြို့နယ် ကောင်းဘို့ကျေးရွာတွင် တောအ တွင်း အလေ့ကျပေါက်သော မှို စားမိသော ကိုရင်ငယ်ငါးပါးအ နက် သုံးပါးပျံလွန်ခဲ့သည်။ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကောင်းဘို့ ကျေးရွာ ရွာမကျောင်းမှ အသက် (၉)နှစ်မှ (၁၄)နှစ်အရွယ် ကိုရင် ငါးပါးသည် ဇွန်လ ၁၄ ရက်တွင်မှိုအဆိပ်သင့်ပြီး ဆေးရုံတက်၍ ကုသနေရာမှ သုံးပါးပျံလွန်တော် မူသည်ဟု ရပ်စောက်မြို့နယ် စည်ပင်သာယာရေး ကော်မတီဝင် ဦးစိုင်းမြင့်နိုင်က ပြောသည်။



‘‘ကိုရင်ငါးပါးက တောထဲ ကို သွားတာ မှိုတွေတွေ့လို့ မီး ဖုတ်ပြီးစားတာ။ စားပြီးတော့ ၀မ်း တွေလျှောပြီး အန်တာ။ မနေ့ (ဇွန်လ ၂၁ ရက်) အထိ သုံးပါး ပျံလွန်တော်မူသွားပါတယ်’’ဟု ၎င်းက ပြောသည်။

ကိုရင်ငါးပါးကို ရပ်စောက် မြို့နယ် မိုင်းအင်တိုက်နယ် ဆေး ရုံသို့ ပို့ဆောင်သော်လည်း မသက်သာ၍ တောင်ကြီး စ၀်စံထွန်းဆေး ရုံသို့ လွှဲပြောင်းကုသခဲ့သည်။ နှစ်ပါးသာ ရောဂါသက်သာပြီး ကျန်သုံးပါးသည် ဇွန်လ ၁၈ရက်၊ ၁၉ ရက်နှင့် ၂၁ ရက်တွင် ပျံလွန်တော်မူခဲ့သည်ဟု ဦးစိုင်းမြင့်နိုင်က ပြော သည်။

‘‘ကိုရင်လေးတွေက ဘာမှ မဖြစ်လောက်ဘူးဆိုပြီး လက် တည့်စမ်းလိုက်သလို ဖြစ်သွား တာ’’ဟု မှိုအဆိပ်သင့်၍ ပျံလွန် တော်မူသော ကိုရင်သုံးပါးနှင့် ပတ်သက်၍ ရပ်စောက်မြို့နယ်မှ အထွေထွေရောဂါကုဆရာဝန် ဒေါက်တာ ဂျွန်နီက ပြောသည်။

မိုးဦးကျကာလ၌ အလေ့ကျ  ပေါက်သော မှိုများအနက် တောင်ပို့မှိုမှလွဲ၍ ကျန်မှိုများ မစားသင့်ဘဲ အကယ်၍ စားပြီးနောက် မူးဝေအော့အန်ပါက ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးသွားရောက် ကုသရန် ၎င်းက အကြံပြုသည်။ ရပ်စောက်မြို့နယ်မှ မှိုအ ဆိပ်သင့်ဖြစ်စဉ် အပါအ၀င် မိုးရာ သီဖြစ်သည့် ယခုလ (ဇွန်လ)အတွင်းဒေသအနှံ့တွင် မှိုအဆိပ် သင့်လူနာ ၂၅ ဦးထက် မနည်းရှိပြီး ခြောက်ဦးသေဆုံးခဲ့သည်။

No comments:

Post a Comment