Sunday, June 23, 2019

ရန်ကုန်-ဒလ တံတားစီမံကိန်းဖောင်ဒေးရှင်း တည်ဆောက်မှု ဇွန်လ ၂၈ ရက်တွင် စတင်မည်

ဒလဒေသဖွံ့ဖြိုးရေးနှင့် ရန်ကုန်-ဒလ တံတားတည် ဆောက်ရေး ဆောက်လုပ်ရေး ၀န်ကြီး၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့ နှင့် ကိုရီးယားသံအမတ်တို့ ဇွန်လ ၂၁ ရက်တွင် ဆွေးနွေးခဲ့သည်။ ဒလဒေသဖွံ့ဖြိုးရေး ကိုရီး ယားနိုင်ငံမှ ဆောင်ရွက်ရန် ကိုရီး ယားသံအမတ်က လာရောက် ဆွေးနွေးခြင်း ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိ ယညွှန်ကြားရေးမှူးချုပ်ဦးကျော် ကောင်းချိုက ပြောသည်။ ‘‘အဓိကက ဒလဒေသဖွံ့ဖြိုးရေးလုပ်ဖို့ လာဆွေးနွေးတာ၊ တံတားတည်ဆောက်တာ အဆင်ပြေပြေဆောင်ရွက်နေပါတယ်’’ ဟု ၎င်းက ပြောသည်။



ရန်ကုန်တိုင်းအစိုးရအဖွဲ့က ကိုရီးယားသံအမတ်နှင့် တံတား တည်ဆောက်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်သည်ဟု ကြေညာသည်။

ကိုရီးယား-မြန်မာချစ်ကြည် ရေးအဖြစ် တည်ဆောက်မည့် ရန် ကုန်-ဒလတံတားစီမံကိန်းတွင် တံတားတည်ဆောက်ရေး ဖောင် ဒေးရှင်းတည်ဆောက်မှုကို ဇွန်လ ၂၈ ရက်တွင် ဒလဘက်အခြမ်း၌ စတင်ဆောင်ရွက်မည်ဟု ဦး ကျော်ကောင်းချိုကပြောသည်။

တည်ဆောက်ရေးဆောင် ရွက်နေသော်လည်း တံတားဒီဇိုင်း တိုးမြှင့်ပြောင်းလဲမှုကြောင့် ကိုရီး ယားထံမှ ဒေါ်လာသန်း ၂၀ ထပ် မံချေးယူမှု ညှိနှိုင်းနေဆဲဖြစ် ကြောင်း ၎င်းကဆိုသည်။ အဆိုပါ တံတားစီမံကိန်းနှင့်ပတ်သက်၍ မြန်မာ့စက်မှုဆိပ်ကမ်း (MIP)ဦး ဆောင်၍ အခြားပုဂ္ဂလိကဆိပ် ကမ်းများက ကန့်ကွက်မှုကြောင့် ပင်မတံတား၏ ခန်းဖွင့်အကျယ် မီတာ ၃၂၀ ကိုမီတာ ၃၇၀ သို့ ပြောင်းလဲခဲ့ရသည်။ ချေးငွေထပ် မံပေးအပ်ခြင်း ရှိ၊ မရှိ ကိုရီးယား ဘဏ်က ဆုံးဖြတ်မည်ဟု ၎င်းက ဆိုသည်။

အဆိုပါတံတား တည် ဆောက်ခြင်းသည် နောင်တစ်ချိန် တွင် ပေါ်ပေါက်လာမည့် ဒလ ဒေသမြို့သစ်စက်မှုဇုန်တည် ဆောက်ရေးတွင် အားထားသည့် အခြေခံအုတ်မြစ်ဖြစ်သည်ဟု ကို ရီးယားနိုင်ငံက ကြေညာထား သည်။ ထိုတံတားသည် စုစုပေါင်း အရှည်ပေ ၆,၀၀၀ ကျော်ရှိပြီး လေးလမ်းသွားကြိုးဆိုင်းတံတား ဖြစ်သည်။ ထိုတံတားသည် ရန် ကုန်တိုင်း လသာမြို့နယ်နှင့် ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်း ခြံကုန်းတို့ကို ဆက်သွယ်ပေးမည် ဖြစ်ပြီး ထိုမှတစ်ဆင့် ဧရာဝတီ တိုင်းနှင့် ရခိုင်ပြည်နယ်သို့ ထပ် ဆင့် ဆက်သွယ်နိုင်သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆိုသည်။ တံတားတည်ဆောက် ချိန် လေးနှစ်ကြာမည်ဖြစ်ပြီး ၂၀၂၂ တွင် ပြီးဆုံးမည်ဟု ကိုရီး ယားနိုင်ငံနှင့် ဆောက်လုပ်ရေး ၀န်ကြီးဌာနက ခန့်မှန်းထားသည်။

No comments:

Post a Comment